ချစ်သမီးလေးသုံးယောက်နဲ့အတူတူ ပကာသနတွေမပါဘဲ (၄၅)နှစ်ပြည့်မွေးနေ့လေးကို ပြုလုပ်ခဲ့တဲ့ နန္ဒာလှိုင်
Posted on
နန္ဒာလှိုင်ဆိုတဲ့ မင်းသမီးချောလေးဟာ တစ်ခေတ်တခါက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တစ်ခဲနက်သိမ်းပိုက်ထားခဲ့သူတစ်ယောက်ပါ။ အခုဆိုရင်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာသမီးချောလေး သုံးယောက်ကိုလည်း မွေးဖွားပေးထားခဲ့တဲ့ မိခင်လေးတစ်ယောက်လည်းဖြစ်လို့နေပါပြီ။
နို၀င်ဘာလ ၂ ရက်နေ့မှာ သူမဟာ အသက် (၄၅) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီးတော့ နောက်ထပ်တစ်နှစ်အသက်ထက်ကြီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ အသက် (၄၅)လောက်ရှိပြီလို့ကိုမထင်ရလောက်အောင် နုပျိုလို့နေတဲ့ မေမေဖြစ်တာကြောင့် ပရိသတ်တွေအားလုံးအံ့အားသင့်လို့နေခဲ့ရပါတယ်။ သူမအပေါ် ဂရုစိုက်ပေးတဲ့ ခင်ပွန်းနဲ့ ထူးချွန်ထက်မြတ်တဲ့ သမီးလေးသုံးယောက်ကြောင့် စိတ်ပျိုကိုယ်နုပြီး လူလည်းအရွယ်တင်နေရတာဆိုရင်လည်းမှားမယ်မထင်ပါဘူး။
သူမရဲ့ ဒီ (၄၅)နှစ်ပြည့်မွေးနေ့လေးကို‌ေတာ့သူမရဲ့ မိတ်တွေရယ် သူမအရမ်းချစ်ရတဲ့ မိသားစုလေးရယ်နဲ့အတူ ဆိုင်တစ်ဆိုင်မှာပကာသနတွေဘာမှမပါ၀င်ဘဲ ရိုးရိုးရှင်းရှင်းလေးသာပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ မေွးနေ့လေးမှာ သမီးအကြီးမနဲ့ သမီးအလတ်တို့ဟာ Spelling Beeပြိုင်ပွဲကိုလည်း ၀င်ပြိုင်ခဲ့လို့လိုက်စောင့်ပေးခဲ့ရ‌ပါသေးတယ်။ ဒီနောက်မှာတော့ မိသားစုနဲ့အတူမွေးနေ့ပွဲလေးကျင်းပခဲ့တာပါ။ ကဲ… ချစ်ရတဲ့ မိသားစုလေးနဲ့အတူ မွေးနေ့ပွဲလေးကျင်းပလို့နေတဲ့ နန္ဒာလှိုင်ရဲ့ကြည်နူးဖွယ်ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပရိသတ်တို့လည်း မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ကြပါအုံးနော်…။
Source:Nandar Hlaing
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)