မွေးနေ့လေးမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းနေခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ ဒီနေ့ ဒီဇင်ဘာလ (၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုးကြာဖြူခင်က အသက် (၂၈)နှစ်တိတိပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ ဒီနေ့မွေးနေ့လေးမှာ နေအိမ်မှာပဲ မြတ်စွာဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး၊ ပန်း ကပ်လှူကာကုသိုလ်ကောင်းမှုတွေပြုလုပ်ဖြတ်သန်းနေခဲ့ပါတယ်။ပိုးကြာဖြူခင်ကို ချစ်ပြီး အားပေးကြတဲ့ ပရိသတ်တွေကလည်း ပိုးကြာဖြူခင်ရဲ့ မွေးနေ့လေးအတွက် လက်ဆောင်တွေနဲ့ ကိတ်တွေပို့ပေးကြသလို မွေးနေ့ဆုမွန်ကောင်းတွေလည်း တောင်းပေးနေကြပါသေးတယ်။

ပိုးကြာဖြူခင်လည်း ဒီနေ့မွေးနေ့ရက်လေးကနေ စပြီး အနုပညာလောကမှာ ပိုမိုအောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုမိုရရှိပါစေလို့ CeleZone ကနေမွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေလည်း ပိုးကြာဖြူခင်ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Poe Kyar Phyu Khin