ရာဇဝင်ထဲက မင်းသမီးလေးတစ်ပါးလို ကျက်သရေရှိရှိနဲ့အခါခါပြန်ကြည့်ချင်ရလောက်အောင် လှရက်လွန်းနေတဲ့ ဝတ်မှုန်ရွှေရည်

ကျရာဇာတ်ရုပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားနိုင်သူကတော့ မင်းသမီးလေးဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးဟာ အလှအပ မှာလည်းပြောစရာ မရှိသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

အပြစ်ပြောရက်စရာမရှိရလောက်အောင်ကိုလူတိုင်းကအားကျရလောက်တဲ့ အသားအရည်လေးကိုလည်း ပိုင်ဆိုင်ထားသလို ချောမွတ်လှတဲ့ မျက်နှာလေးကြောင့်လည်း မြင်ရသူတိုင်းရင်အေးစေတာလည်း ဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။ 

သူမဟာ ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းထဲထိနေရာယူထားတဲ့သူလေးဆိုလည်းမမှားပါဘူး။ လတ်တလောမှာလည်း နန်းဆန်ဆန်ဖက်ရှင်လေးကိုဆင်မြန်းကာ တကယ်ကိုရာဇဝင်ထဲက မင်းသမီးလေးလားထင်မှတ်ရလောက်အောင်ကျက်သရေရှိရှိလှနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် ။ ပုံလေးတွေတိုင်းကမိုက်လွန်းနေတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။ 

Yuan – Cele Zone

photo – Wutt Mhone Shwe Yi