ဒုတိယရင်သွေးလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့တဲ့အကြောင်း ပရိသတ်တွေကို Live လွှင့်ပြီးပြောပြလာခဲ့တဲ့ အိအိတုန်

ဒီဇင်ဘာ (၁) ရက်နေ့မှာမွေးဖွားတဲ့ ဒုတိယရင်သွေးသမီးလေးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ အိအိတုန်တို့ဇနီးမောင်နှံဟာ ချစ်စရာ သမီးလေးနှစ်ယောက် ပိုင်ဆိုင်နိုင်ခဲ့သလို အိတုန်လိုချင်တဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကိုလည်း အောင်မြင်စွာပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီသမီးလေးကို ကိုယ်ဝန်စရှိကတည်းက လိုချင်တာ ဖြစ်ချင်တာတွေချည်းပဲ ဖြစ်လာခဲ့တာမို့ မိသားစုကို ကောင်းကျိုးပေးတဲ့ သမီးလေးဖြစ်ခဲ့တာပါ။

သမီးအကြီးလေးကလည်း ချစ်စရာကောင်းသလို သမီးငယ်လေးကလည်း တစ်တုံးတစ်ခဲနဲ့ အသည်းယားစရာကောင်းလွန်းနေပါ တယ်။ ဗိုက်ကြီးနဲ့တောင် မရပ်မနားဘဲ ဈေးတွေရောင်းရင်း ကြိုးစားခဲ့တာလေးတွေဟာ အခုချိန်မှာတော့ အိုးပိုင်အိမ်ပိုင်တဲ့ လိုချင်တဲ့အခြေအနေလေးကို ရောက်လာခဲ့ပါပြီ။

ကလေးမွေးပြီးတဲ့အိတုန်ကို သတင်းမေးကြသူတွေများတာကြောင့် သူမက Live လွှင့်ပြီး နေကောင်းကျန်းမာကြောင်းပြောပြခဲ့ပါ တယ်။ လာမေးတဲ့သူတွေများလွန်းတာကြောင့် အခုလိုပဲ Live လွှင့်ပြီးဖြေခဲ့တာပါ။ သမီးလေးနှစ်ယောက်နဲ့ အိတုန်တို့မိသားစုဘဝ လေးဟာ အရင်ကထက် သာယာစိုပြေတော့မှာ အသေအချာပါပဲ။

Happy – Cele Zone
Photo – Ei Tone