စိန်နဲ့နီလာရောထားတဲ့ တန်ဖိုးကြီးနားကပ်တစ်ရံကို လက်ဆောင်ပေးတဲ့ခင်ပွန်းကြောင့် ပျော်မဆုံးဖြစ်နေတဲ့ အိမ့်ချစ်

ပဲရစ်ကအီဖယ်မျှော်စင်ကြီးရှေ့မှာ ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အိမ့်ချစ်တစ်ယောက် အခုချိန်ထိလည်း ပျော်ရွှင်စရာအိမ်ထောင်ရှင်မဘဝကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းနေခဲ့ပါတယ်။ ဒီနေ့မှာလည်း ချစ်ခင်ပွန်းပေးတဲ့ တန်ဖိုးကြီး နားကပ်လေးတစ်ရံကို သူမရဲ့ Facebook My Day မှာ ဝေမျှခဲ့ပါတယ်။

စိန်နဲ့နီလာရောပေါင်းထားတဲ့ ဒီနားကပ်လေးဟာ တန်ဖိုးအတော်ကြီးမယ့်ပုံပါပဲ။ ငွေကြေးဈေးနှုန်း တွေထက် ရင်ထဲကမေတ္တာတရား ကသာပိုပြီးကြီးမားတာကြောင့် ချစ်ဇနီးလေးကို လှစေချင်တဲ့ စေတနာနဲ့ လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အိမ့်ချစ်ကလည်း မေတ္တာနဲ့ပေးတဲ့လက်ဆောင်မို့ အရမ်းကိုကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။

နှစ်ယောက်အတူဘန်ကောက်မှာလည်း အလုပ်တွေအတူတူလုပ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ခဲ့ကြပါ တယ်။ အိမ်ထောင်ရှင်ဘဝမှာလည်း နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာဖြစ်လို့ ကတောက်ကဆဆိုတာ ရှာမတွေ့နိုင်အောင်ပါပဲ။ ပျော်စရာမိသားစုဘဝလေးဖြစ်လာဖို့ကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်နေကြပါပြီ။

Happy – Cele Zone
Photo – Eint Chit