စတိုင်အပြည့်နဲ့ဗိုက်ကလေးပေါ်နေပြီး အိုက်တင်မျိုးစုံနဲ့ မုန့်စားနေတဲ့ သမီးလေးကိုကြည့်ပြီး အသည်းတွေယားနေတဲ့ စန္ဒီမြင့်လွင်

အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ စန္ဒီမြင့်လွင်ကတော့ ယနေ့တိုင်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခပ်မိုက်မိုက်သီချင်းလေးတွေများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ခဲ့ပြီးချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ သူမရဲ့ သမီးလေးကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကိုတော့ ကြည်နူးအားကျနေကြတာလည်းဖြစ်ပါတယ် ။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေပါမက သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အမြဲဆိုသလိုဖော်ပြလေ့ရှိသူလေးလည်းဖြစ်ပါတယ် ။အခုလည်း မုန့်တွေအအေးတွေကို အားရပါးရစားနေရင်း ပို့စ်တွေမျိုးစုံမေမေ့ကိုလုပ်ပြနေတဲ့ သမီးလေးကိုကြည့်ပြီး သဘောတွေကျကာပုံလေးတွေရိုက်ကာ အမှတ်တရဖော်ပြထားတာဖြစ်ပါတယ် ။တစ်နေ့တစ်မျိုးမရိုးရတဲ့ ထရက်ရှာလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေက အချစ်ပိုနေရတာလည်ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ထရက်ရှာလေးရဲ့ ပုံလေးတွေကိုကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

photo – Sandy Myint Lwin