ချစ်ရသူရှိနေပြီဖြစ်ကြောင်းနဲ့ ဒီနေ့လေးမှာဆို (၁၀) လပြည့်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာတဲ့ စံရတီမိုးမြင့်

ချစ်ပရိသတ်ကြီးရေ အနုပညာလုပ်ငန်းမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့ စံရတီမိုးမြင့်ကတော့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။အမြဲတမ်းဖက်ရှင်အလန်းစားတွေနဲ့ ဆွဲဆောင်မှုရှိရှိလန်းနေတဲ့ အမိုက်စားပုံလေးတွေကြောင့်လည်း ပုရိသတွေ အများဆုံးဝန်းရံ အားပေးကြတာလည်းတွေ့ရပါတယ်။

ညို့အားပြင်းတဲ့ အလှတွေနဲ့ ပုရိသတွေကို ဖမ်းစားနိုင်တဲ့ အလှနတ်သမီးလေးလို့ တင်စားရင်လည်းမှားမယ်မထင်ပါဖူးနော်။ Gym လည်းပုံမှန်ဆော့ပြီး အဆီပိုမရှိတဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ဘယ်ဖက်ရှင်နဲ့မဆို လိုက်ဖက်နေတာလည်းဖြစ်ပါတယ်။ sexy ကျကျနဲ့ လန်းလွန်းတဲ့သူမရဲ့ အလန်းစားပုံလေးတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါ ။

ဒါ့အပြင် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေရန် သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ရှိတာဖြစ်ပါတယ် ။လတ်တလောမှာတော့ သူမမှာချစ်သူရှိနေပြီဖြစ်ကြောင်းကို ဒီနေ့ချစ်သူသက်တမ်း(၁၀) လပြည့်လေးမှာ ထုတ်ဖော်ပြောပြလာတာဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း သိရှိစေရန် သူမရဲ့ မိုင်ဒေးက ချစ်သူသက်တမ်း(၁၀) လပြည့်ပုံလေးကိုမျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – San Yati Moe Myint