သံလွင်ချောင်းခြားသီချင်းလေးကို ကိုယ်တိုင်ဂစ်တာလေးတီးကာ အမိုက်စားပြန်ဆိုပြလိုက်တဲ့ လွင်မိုး

မင်းသားကြီး လွင်မိုးကတော့ အနုပညာလောကမှာ ဇာတ်ကားတွေ၊ ကြော်ငြာတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲအထိရောက်အောင် နေရာယူထားနိုင်တာ ဖြစ်ပါတယ် ။ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ လွင်မိုးက နှစ်တွေလတွေပြောင်းလဲသွားပေမယ့် အခုအရွယ်အထိ ချောမောခန့်ညားနေဆဲ ပါ ။ 

ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ လွင်မိုးက သမီးချောလေးနှစ်ယောက်အပြင် မြေးချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီလည်း ဖြစ်ပါတယ် ။အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ခုချိန်ထိ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိနေဆဲပါပဲနော်။ လွင်မိုးက မိသားစုကိုလည်း အချိန်အပြည့်ပေးပြီး မြေးချောလေး Liamလေးနဲ့လည်း အတူတူဆော့ကစားပေးနေကျဖြစ်ပါတယ်။

အားလပ်ချိန်တွေမှာလည်း ကိုယ်တိုင်အရသာရှိတဲ့ ဟင်းတွေကိုစားချင်စဖွယ် ချက်ပြုတ်လေ့ရှိတာလည်းဖြစ်ပါတယ် ။အခုလည်း ကိုယ်တိုင်ဂစ်တာလေးတီးကာ သံလွင်ချောင်းခြားသီချင်းလေးကို အမိုက်စားဆိုပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားပါတယ် ။ သီချင်းလေးဟာ အရမ်းနားထောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေသဘောကျ နှစ်သက်နေကြတာလည်းဖြစ်တာကြောင့် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Lwin Moe