ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျနေတဲ့ မူးလာရဲ့ သီချင်းအသစ်လေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မူးလာကတော့ မနေ့က ဒီဇင်ဘာလ (၁)ရက်နေ့မှာ သီချင်းအသစ်လေးထွက်ရှိလာခဲ့ပါတယ်။ မူးလာကတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောက်မှာ ရပ်တည်နိုင်အောင် အစွမ်းကုန်ကြိုးစားနေခဲ့ပြီး ကိုဗစ်ကာလမှာတောင် သီချင်းတွေထွက်ရှိလာအောင် မနားမနေ စွမ်းဆောင်နေခဲ့တာပါ။

မူးလာကတော့ မနေ့က ဒီဇင်ဘာလ (၁)ရက်နေ့မှာတော့ ” ကျေနပ်လိုက်ပါ” ဆိုတဲ့ သီချင်းလေးထွက်ရှိလာခဲ့ပါတယ်။ သီချင်းလေးကတော့ အသဲကွဲသီချင်းလေးတစ်ပုဒ်ဖြစ်ပြီး မူးလာကိုယ်တိုင်ကလည်း ဒီသီချင်းလေးထွက်ရှိလာဖို့ကိုတော်တော်လေးရင်ခုန်နေခဲ့တဲ့အပြင် ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျဖို့ ယုံကြည်မျှော်လင့်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ပရိသတ်တွေအတွက်လည်း ဒီသီချင်းလေးကအကြိုက်နဲ့ထပ်တူကျတဲ့သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။CeleZone ပရိသတ်ကြီးတွေရော မနေ့ကအသစ်ထွက်ရှိလာတဲ့ မူးလာရဲ့ သီချင်းအသစ်လေး ” ကျေနပ်လိုက်ပါ” ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီးကြပြီလား ပရိသတ်တွေရော သဘောကျနှစ်သက်လား။

Chilli – CeleZone