အရင်လိုလှပတဲ့ ခန္ဓာကိုယ်သွယ်သွယ်လေးဖြစ်အောင် ကြိုးကြိုးစားစား ဝိတ်ချနေပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း

မိန်းကလေးတိုင်းရဲ့အိပ်မက်ကတော့ စားချင်တာစားပြီး ဝမလာတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တာပါပဲ။ သို့ပေမယ့်လည်း စားချင်သလောက်စားတဲ့အချိန် ဝိတ်တွေကလည်း တက်ချင်သလောက်တက်လာတော့မှာမို့ ကြိုးကြိုးစားစား ပြန်ပြီးဝိတ်ချရတော့ တာပါပဲ။ ဝိုင်းစုတစ်ယောက်လည်း စိတ်ချမ်းသာရတဲ့အချစ်ရေးအပြင် စားချင်တာတွေစားခဲ့တာကြောင့် ပြည့်ပြည့်လေးဖြစ်လာတဲ့ ခန္ဓာကိုယ်လေးကို အခုချိန်မှာတော့ ပြန်ပြီးဝိတ်ချနေခဲ့ပါပြီ။

 

ချစ်သူကို ဝတုတ်လေးလို့ အမြဲစနောက်တတ်တဲ့ အောင်လကလည်း ချစ်သူလေးဝိတ်ချဖို့ အမြဲတမ်းကူညီပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ဝိုင်းစုတစ်ယောက် ကြိုးကြိုးစားစားနဲ့ ဝိတ်ပြန်ချတော့မှာဖြစ်ပြီး ဝိတ်ချဖို့အတွက် စားနေရတဲ့အစားအသောက် ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

 

ပိန်ပိန် ဝဝ ပရိသတ်တွေနဲ့ ချစ်သူကတော့ မငြိုငြင်ဘဲချစ်ပေးနေကြမှာပါ။ ဝိတ်ချခြင်း ခရီးစဉ်မှာ ပထမဆုံးစားတဲ့အစားအသောက် လေးကို ” ဝိတ်ချနေပါပြီလို့ အရင်လို ပိန်ပိန်လှလှလေးပဲ ပြန်နေတော့မယ်ကွယ် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ မကြာခင်မှာပဲ အရင်လို သွယ်လျလျလေးနဲ့ လှလာတော့မယ့်ဝိုင်းစုကို မြင်တွေ့ရတော့မှာပါ။

 

Happy – Cele Zone
Photo – Wyne Su Khein Thein