နိုင်းနိုင်းရဲ့မွေးနေ့လေးမှာ ရိုမန့်တစ်ဆန်ဆန်ကြင်နာယုယနေတဲ့ပုံလေးတွေတင်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ချစ်ဇနီးလေး စန္ဒီချို

နိုင်းနိုင်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ် ။ နှစ်တွေအကြာကြီးပြောင်းလဲလာပေမယ့် မပြောင်းလဲတဲ့နုပျိုခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက အခုချိန်အထိ လူငယ်လေးတစ်ယောက်လို့ အရွယ်တင်နေဆဲ ဖြစ်ပါတယ် ။ နိုင်းနိုင်းက ချောမောခန့်ညားတဲ့ဥပဓိရုပ်နဲ့ ယောက်ျားပီသသူလည်း ဖြစ်ပါတယ် ။

သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုဘဝလေးကို ကြည့်ကာ အားကျနေတာပဲ ဖြစ်ပါတယ်။သားတစ်ယောက် သမီးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက မိသားစုနဲ့အတူ ခဏတာခွဲခွာပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အခုလည်း ချစ်ဇနီးလေးက သူရဲ့မွေးနေ့လေးကို ရိုမန့်တစ်ဆန်ဆန်ပုံလေးတွေနဲ့အတူ ဆုမွန်ကောင်းတောင်းပေးခဲ့တာဖြစ်ပါတယ် ။ နိုင်းနိုင်းတို့ ဇနီးမောင်နှံကိုကြည့်လိုက်တိုင်းအမြဲပျော်ရွှင်ကြည်နူးနေပြီး အားလုံးကအားကျနေရတာပါနော် ။ပရိသတ်ကြီးအတွက် ပုံလေးတွေမျှဝေပေးရင်း နိုင်းနိုင်းလည်းမွေးနေ့လေးမှာ ပျော်ရွှင်ပါစေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Yuan – Cele Zone

Photo – Sandy Cho