တန်ဖိုးကြီး လက်ဝတ်ရတနာတွေကိုဆင်မြန်းကာ အခါခါကြည့်ချင်ရလောက်အောင်ကျက်သရေရှိရှိလှပနေတဲ့ ခိုင်သင်းကြည်

ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။မခိုင်လေးက ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက်အဖော်ရနေတာဖြစ်ပါတယ်။

မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။ မခိုင်လေးက ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာပါ ။ 

အခုလည်း တန်ဖိုးလက်ဝတ်ရတနာလေးတွေကို အပြည့်ဆင်မြန်းကာ နုပျိုလှပနေတဲ့အလှတရားတွေနဲ ပရိသတ်တွေရဲ့ အသည်းကိုခြေလိုက်ပြန်ပါတယ် ။ ပုံလေးတွေတိုင်းမှာ မခိုင်လေးတစ်ယောက် မရိုးနိုင်တဲ့အလှတရားတွေနဲ့ ခုချိန်ထိအသားအရည်ဝင်းမွတ်ကာ ဆွဲဆောင်မှုရှိနေတာလည်း မခိုင်လေးရဲ့ ဘုရားပေးတဲ့ဆုလေးပါပဲနော် ။ ပရိသတ်ကြီးအတွက် မခိုင်လေးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။ 

Yuan – Cele Zone

photo – Khine Thin Kyi