စတိုင်မလိုင်အပြည့်နဲ့ ဈေးဝယ်ထွက်ကာ ပို့စ်မျိုးစုံပေးနေတဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ ပုံလေးများ

မြင့်မြတ်ကတော့ ပရိသတ်အချစ်တော်တစ်ဦးအဖြစ် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ ဆက်ဆံရေးကောင်းပြီး ဟန်ဆောင်မှုကင်းတဲ့ မြင့်မြတ်ကိုတော့ ဝိုင်းချစ်ခင်ကြသူတွေ များစွာရှိနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သားဖြစ်သူ မြတ်သူလေးကလည်း တကယ့်ကိုချစ်စရာလေးမို့ ပရိသတ်တွေက အမြဲချစ်နေရတာပါ ။

ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ မြင့်မြတ်ရဲ့သားလေးကိုတော့ ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေးလို့တောင် ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတဲ့ ဂျူနီယာမြင့်မြတ်လေးက အရွယ်ရောက်လာလေ ပိုပိုအသည်းယားစရာကောင်းလာလေ ဖြစ်ပါတယ်။ 

ပရိသတ်တွေကလည်း သားလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာဖြစ်ပြီး လတ်တလောမှာလည်း စတိုင်အပြည့်နဲ့ ပို့စ်မျိုးစုံပေးကာ ဈေးဝယ်ထွက်နေတဲ့ ပုံလေးတွေကိုဖော်ပြခဲ့ပါတယ် ။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းတာကြောင့် ဖေဖေမြင့်မြတ်တစ်ယောက် သဘောတွေကျနေတာလည်းဖြစ်ပါတယ် ။ပရိသတ်ကြီးလည်း မြတ်သူလေးရဲ့ပုံလေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Myat Wai Htun