နှစ်ယောက်အတူ မီးရှုးမီးပန်းတွေဖောက်ရင်း တန်ဆောင်တိုင်ညကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

လက်တွဲလာတာ ငါးနှစ်ရှိခဲ့ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ လက်ရှိအချိန်ထိ မေတ္တာတွေအပြည့်နဲ့ ရှေ့ဆက်နေဆဲပါပဲ။ ချစ်တယ်လို့ပြောစရာမလိုအောင် နားလည်မှုတွေပြည့်နေတဲ့ ဒီချစ်ဇာတ်လမ်လေးကို ဇာတ်ပေါင်းခန်းလေး အဖြစ် ပရိသတ်တွေက မြင်ချင်နေကြပါပြီ။

ကိုယ်စီဝါသနာပါတာတွေလုပ်ရင်း တစ်ယောက်ကိုတစ်ယောက် အချိန်လည်း အပြန်အလှန်ပေးခဲ့ကြပါတယ်။ အိမ်ချင်းလည်းနီးသလို နှလုံးသားချင်းလည်းနီးတဲ့ ဖြိုးလေးနဲ့ဝါဆိုတို့ဟာ တကယ့်ကိုနေနဲ့လရွှေနဲ့မြ စုံတွဲလေးပါပဲ။ ဝါဆိုကြိုက်တဲ့ အိတ်လေးတွေကို အမြဲလိုလိုလက်ဆောင်ပေးတတ်တဲ့ဖြိုးလေးရဲ့ အလိုက်သိမှုဟာလည်း ချစ်ခြင်းမေတ္တာပါပဲ။

ဆေးပေါင်းခတဲ့တန်ဆောင်တိုင်ညမှာ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်မီးရှုးမီးပန်းတွေ ဖောက်ပြီး ဖြတ်သန်းခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို ဝါဆိုက သူမရဲ့လူမှုကွန်ရက်မှာဝေမျှခဲ့ပါ တယ်။ ချစ်ရတဲ့ချစ်သူနှစ်ယောက်ရဲ့ အမှတ်တရညလေးဟာ ချစ်ခြင်းတွေနဲ့ ထုံမွှန်းပြီး ပျော်စရာကောင်းနေခဲ့ပါတယ်။

Happy – Cele Zone
Photo – Warso Moe Oo