သူငယ်ချင်းတွေနဲ့အတူ ပေါက်ကရ အသံတုတွေလုပ်ကာ မျက်နှာတွေမျိုးစုံပြောင်ထားတဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ သန္တာဗိုလ်

စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ သန္တာဗိုလ်ကတော့ အနုပညာလမ်းကြောင်းထက်မှာ ပရိသတ်အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့သူပဲဖြစ်ပါတယ် ။ အင်တာနေရှင်နယ်ဆန်တဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး အသားအရည်လေးကလည်း ဖြူဖွေးဝင်းမွတ်နေတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲ ဝတ်ဝတ် လိုက်ဖက်ညီပြီး လှပနေတာပါ။

အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစားလုပ်ကိုင်နေပြီး အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိထားတဲ့ သန္တာဗိုလ်က အချစ်ရေးမှာလည်း ပရိသတ်တွေ အားကျနေရတာလည်း ဖြစ်ပါတယ်။ သန္တာဗိုလ်က သရုပ်ဆောင် မင်းသားချောလေး ကောင်းပြည့်နဲ့အတူ သာယာတဲ့အချစ်ရေးလေးကို ဖြတ်သန်း နေတာဖြစ်ပြီး Relationship သက်တမ်းကလည်း အတော်ကြာပြီ ဖြစ်ပါတယ်။ 

သူငယ်ချင်းတွေနဲ့လည်း အမြဲစနောက်ကာ ပျော်ပျော်နေတတ်သူလည်းဖြစ်ရာ အခုလည်း အသံတုတွေမျိုးစုံလုပ်ကာ မျက်နှာတွေပြောင်နေကျတဲ့ အခွီဗီဒီယိုလေးကိုဖော်ပြထားတာဖြစ်ပါတယ် ။ ဗီဒီယိုလေးက စလာထဲကအူတက်ရယ်နေရသလို အခါခါပြန်ကြည့်ချင်ရလောက်အောင်ပါပဲနော် ။ ပရိသတ်ကြီးလည်း ရယ်မောအပန်းပြေနိုင်စေရန် သန္တာဗိုလ်တို့ သူငယ်ချင်းတွေရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ် ။ 

Yuan – Cele Zone

photo – Thandar Bo