အေးချမ်းလှတဲ့ ဒီဇင်ဘာလရဲ့ ပထမဆုံးရက်လေးမှာ စိတ်နှလုံးချမ်းမြေ့ဖွယ်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ဒေါင်း

ပရိသတ်ကြီးရေ ဒေါင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ်။ ဒေါင်းကတော့ လတ်တလောကိုဗစ်ကာလ Stay Home နေရတုန်းမှာ သူ့ရဲ့ပရိသတ်တွေကို ဗဟုသုတရစေဖို့ရယ်ရွယ်ပြီး စာပေကောင်းတွေကို Live လွှင့်ဖတ်ပြနေခဲ့ပါသေးတယ်။

ဒေါင်းကတော့ အခုလိုစိတ်အေးချမ်းသာမှုကို ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်သလို အလှူအတန်းတွေကိုလည်း အခါအခွင့်သင့်သလိုပြုလုပ်လေ့ရှိတဲ့သူတစ်ယောက်ပါ။ဒီနေ့မှာ ဒီဇင်ဘာလ (၁)ရက်နေ့လေးမှာလည်း ဒေါင်းကမွန်မြတ်လှတဲ့အလှူလေးတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ အလှူလေးကတော့ အေးချမ်းလှတဲ့ ဒီဇင်ဘာလ ပထမဆုံးရက်လေးမှာ ဆွမ်းကပ်အလှူလေးကို ကပ်လှူခဲ့တာပဲဖြစ်ပါတယ်။

အလှူလေးပြုလုပ်နေတဲ့ပုံရိပ်လေးတွေနဲ့အတူ “မင်္ဂလာရှိသော ဒီဇင်ဘာဖြစ်ပါစေ။ ကျန်းမာကြသော ဒီဇင်ဘာဖြစ်ပါစေ။ ပျော်ရွှင်ရသော ဒီဇင်ဘာဖြစ်ပါစေ။”လို့လည်း ဆုတောင်းထားပါသေးတယ်။CeleZone ပရိသတ်ကြီးရေ ဒေါင်းရဲ့ စိတ်နှလုံးချမ်းမြေ့ဖွယ်အေးချမ်းလှတဲ့ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – DAUNG – ဒေါင်း