ပေါ်ပြူလာဖြစ်နေတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ၀န်းရံအား‌ေပးခဲ့ကြတဲ့ ပြည်တော်ချစ် အနုပညာရှင်များ
Posted on
လက်ရှိမှာ ရေပန်းအစားဆုံး မြန်မာရုပ်ရှင်ဇာတ်ကားကြီးတွေထဲက တစ်ကားဖြစ်တဲ့ Now & Ever ထာ၀ရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသားဇာဏ်ခီ မင်းသမီးချော ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့က ပုံဖော်ဖန်တီးထားခဲ့ကြတာဖြစ်တဲ့အတွက် ဒီဇာတ်ကားကြီးဟာ ကြိုတင်လက်မှတ်တွေနဲ့တင် ရုံပြည့်ရုံလျှံဖြစ်နေခဲ့ပါတယ်။
နိုင်ငံတကာမှာ ရှေ့ပိုင်းကရုံတင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ပတ်သတ်ပြီး ဆုတွေများစွာရရှိထားတဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံနဲ့အတူ သရုပ်ဆောင်အရမ်းကောင်းတဲ့ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကပါ ပူးပေါင်းဖန်တီးထားခဲ့တာဖြစ်တာကြောင့် ပရိသတ်တွေကလည်း ၀က်၀က်ကွဲအားပေးကြမ်းခဲ့ကြတာပါ။ ဒီဇာတ်ကားကို ပရိသတ်တွေတင်မကပဲ နာမည်ကြီး အနုပညာရှင် ညီအကိုမောင်နှမတွေကလည်း ၀န်းရံအားပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။
ဒီဇာတ်ကားရဲ့ မင်းသမီးလေးသုသုကိုယ်တိုင် အရမ်း ချစ်ပြီး အရမ်းအားကျတဲ့ မင်းသမီးချော‌ေလး ၀တ်မှုန်ရွှေရည်အပါအ၀င် ဝါရင့်အနုပညာရှင်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး တို့အပြင် အခြားသောစီနီယာ ဂျူနီယာ အနုပညာရှင်တွေက ၀န်းရံပေးခဲ့ကြပါတယ်။ ဇာဏ်ခီတို့ရဲ့ သူမတူတဲ့ အနုပညာဖန်တီးမှုတွေကို ရှေ့ဇာတ်ကားတွေမှာမြင်တွေ့ရပြီးသားဖြစ်တာမို့ ဒီဇာတ်ကားဟာလည်း ထူးခြားတဲ့ ရသတွေကို ပေးစွမ်းနိုင်မယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ ကဲ… ဆိုတော့ အခုအချိန်တွေကတည်းက ကြိုတင်လက်မှတ်ရဖို့တောင်ခက်ခဲနေတဲ့ဇာတ်ကားမို့ အချိန်ရှိတုန်း လက်မှတ်‌လေး အပြေး၀ယ်ပြီး ၀န်းရံလိုက်ကြပါအုန်း‌ ချစ်ပရိသတ်တို့ရေ…
Source : Paing Phyoe Thu
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)
ပေါ်ပြူလာဖြစ်နေတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ၀န်းရံအား‌ပေးခဲ့ကြတဲ့ ပြည်တော်ချစ် အနုပညာရှင်များ