ချစ်မေမေရဲ့မွေးနေ့လေးကို အတိုင်းမသိ အံ့ဩသွားရလောက်အောင် Birthday Suprise လေးလုပ်ပေးခဲ့တဲ့ စိုးပြည့်သဇင်

အပြစ်ပြောစရာမရှိအောင် ချောမောလှပတဲ့မင်းသမီးလေး စိုးပြည့်သဇင်က ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ စိုးပြည့်ဟာ အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်လတ်လည်း ဖြစ်ပါတယ်။အချိုးအစားကျနတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ်နေတာကြောင့် မိန်းကလေးပရိသတ်တွေ အားကျနှစ်သက်နေရတဲ့ မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ ရုပ်ရည်လေးက ချောမောလှပသလို အသံလေးကလည်း သာယာချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အချိန်တွေအကြာကြီး ပရိသတ်အားပေးမှုရရှိထားတဲ့ စိုးပြည့်သဇင်က အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ဒါ့အပြင် အရမ်းလိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့သမီးလိမ္မာလေးပါပဲနော်။

အခုလည်း ချစ်မေမေရဲ့မွေးနေ့လေးကို suprise လုပ်ပေးကာ အိမ်မှာပဲ မိသားစုပျော်ပျော်ရွှင်ရွှင်ကျင်းပပေးဖြစ်ခဲ့တဲ့ အမှတ်တရပုံလေးတွေကိုဖော်ပြခဲ့ရာ ပုံလေးတွေတိုင်းက ကြည်နူးစရာကောင်းလွန်းလို့ အပျော်တွေကူးစက်မိတာအမှန်ပါပဲ ။ စိုးပြည့်တို့မိသားစုလေးက အမြဲပျော်ရွှင်ကြည်နူးစရာကောင်းလွန်းတာကြောင့် ပရိသတ်တွေအားကျနေရတာလည်းဖြစ်ပါတယ်နော် ။ပရိတ်ကြီးအတွက် စိုးပြည့်တို့မိသားစုရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Soe Pyae Thazin

error: Content is protected !!