ချစ်ခင်ပွန်းက ကူပေမယ့်လည်း ကလေးကတစ်ဖက် အလုပ်တွေကတစ်ဖက်နဲ့ မအားမလပ်ဖြစ်နေတဲ့ နန်းမြတ်

Posted on

ပရိသတ်တွေအားကျနေကြရတဲ့ နန်းမြတ်တို့ရဲ့ သာယာတဲ့ မိသားစု‌ေလးရဲ့နောက်ကွယ်မှာတော့ သူမဟာ အလုပ်တွေအတော်လေးရှုပ်နေခဲ့တာကိုတွေ့ရပါတယ်နော်။ အိမ်အလုပ်တွေကတစ်ဖက် ကလေးကတစ်ဖက် သူမချစ်တဲ့ အနုပညာအလုပ်‌ေတွကတစ်ဖက်နဲ့ အားတဲ့အချိန်ကိုမရှိလောက်အောင်ကို အလုပ်တွေကတန်းစီလို့နေပါတယ်။

ချစ်ခင်ပွန်းကလည်း သူမအပေါ်နားလည်ပေးပြီး သူတတ်နိုင်တာ မှန်သမျှအကုန် ပါရမီဖြည့်ကာ အကူအညီပေးလို့နေတာကိုလည်းတွေ့ရပါတယ်နော်။ လသားအရွယ်သာရှိသေးတဲ့ Jack Jackလေးကိုလည်း မေမေက ရင်အုပ်မကွာ စောင့်ရှောက်နေရပြီးတော့ အခုရက်ပိုင်းမှာဆိုရင်လည်း သူမရဲ့ပွဲဆက်တွေကရှိနေသေးတာကြောင့် အတော်လေးလည်း အကြပ်ရိုက်ပြီး ပင်ပန်းလို့နေခဲ့ရပါတယ်။ လူကောစိတ်ကောပင်ပန်းနေရပေမယ့် နန်းမြတ်ကတော့ အပြုံးအပျက်ပါဘူးနော်။

” တနေ့လုံးနေလို့မှနားရတဲ့အချိန်ကခုမှ အိမ်မှာအလုပ်လုပ်တဲ့ကောင်မလေးတွေပြန်သွားတဲ့ အချိန် ကိုယ်ပဲလုပ်ရင်းညဆိုလဲသားကိုသိပ်ရတာ၁နာရီလောက်ကြာတယ် သိပ်ပီးမှနို့ညှစ်ဆိုတော့ခုမှအိပ်ယာထဲရောက်တယ်ပေါ့ ခနလေးfbသုံးပီးအိပ်မယ်….ပင်ပန်းသလိုဖြစ်ပေမယ့်လဲပျော်ပါတယ်….ကူပေးတဲ့ယောက်ျားကိုလဲကျေးဇူးတင်ပါတယ်….အမြဲအိပ်အလုပ်လဲလုပ်ကလေးလဲထိန်းတဲ့မေမေတွေကိုလဲလေးစားမိတယ်…နက်ဖြန်လဲပွဲသုံးပွဲသွားရမှာမို့ အိမ်အတွက်လဲစီစဉ်ထားပေးခဲ့ရင်းအလုပ်တွေရှုပ်ရဦးမှာပေါ့လေ ” ဆိုပြီးတော့ ဒီရက်ပိုင်းမှာမှတိုက်တိုက်ဆိုင်ဆိုင် အလုပ်တွေရှုပ်နေတာကိုပြောပြခဲ့ပါတယ်။ ကဲ…. အလုပ်တွေပိပြီး ပင်ပန်းလို့နေတဲ့ မေမေ နန်းမြတ်အတွက်အင်အားတွေဖြစ်စေမယ့် စကားလေးတွေနဲ့ အားပေးခဲ့ကြပါအုန်း ပရိသတ်တို့ရေ…

Source : Nann Myat Phyo Thin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)


 

ပရိသတ်တွေအားကျနေကြရတဲ့ နန်းမြတ်တို့ရဲ့ သာယာတဲ့ မိသားစု‌လေးရဲ့နောက်ကွယ်မှာတော့ သူမဟာ အလုပ်တွေအတော်လေးရှုပ်နေခဲ့တာကိုတွေ့ရပါတယ်နော်။ အိမ်အလုပ်တွေကတစ်ဖက် ကလေးကတစ်ဖက် သူမချစ်တဲ့ အနုပညာအလုပ်‌တွေကတစ်ဖက်နဲ့ အားတဲ့အချိန်ကိုမရှိလောက်အောင်ကို အလုပ်တွေကတန်းစီလို့နေပါတယ်။

