သူ့ဘာသာနေတဲ့နေရဲကို သူ့ဖင်ကိုရိုက်လိုက်လို့ဆိုပြီး ပါးရိုက်ပြီး ပညာပေးလိုက်တဲ့ ခြူးလေးရဲ့အခွီဗီဒီယို ရုပ်/သံ
Posted on
Tik Tokလေးတွေကိုဆော့ရတာအရမ်းကြိုက်ပြီးတော့ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ celeမင်းသမီးချောလေးကတော့ ခြူးလေးပဲဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သတ်ရင်အတော်များများကိုလည်း ဝါသနာပါသူလေးတစ်‌ေယာက်ဖြစ်တာကြောင့် မွေးရာပါအနုပညာပိုးလေး ပါလာတယ်လို့ပဲဆိုရမှာပေါ့။
လတ်တလောမှာဆိုရင် သူမရိုက်ကူးထားတဲ့ “ကျော်ကြားနဲ့ အမွှေစိန် ဝိဉာဉ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ နို၀င်ဘာလ(၁၄)ရက်နေ့ မကြာခင်မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲက ဇာတ်၀င်ခန်းတစ်ခုကိုလည်း သူမရဲ့ ဝါသနာအတိုင်း ကိုယ်တိုင် Tik Tokဆော့ပြပြီး ပရိသတ်တွေကို အမြည်းကျွေးခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးဆော့ထားတာဖြစ်လို့ ပရိသတ်တွေကို ခဏတာဘ၀အမော‌ေြပစေနိုင်မှာပါ။
သူ့ဘာသာ ဖုန်းသုံးနေတဲ့ နေရဲကို သူမဖင်ကိုနောက်ကနေရိုက်လိုက်လို့ဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ အခွီတစ်လိုင်းလုပ်ကာပါးချပြီးပညာပေးလိုက်တဲ့ ဟာသဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီTik Tokလေးရိုက်ရင်းနဲ့လည်း သူငယ်ချင်းနေရဲကို ပါးတကယ်ရိုက်မိသွားလို့လည်း စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ ကဲ… ခြူးလေးတစ်ယောက်ထုံးစံအတိုင်းဘယ်လိုတွေခွီရ အောင်ရိုက်ထားပြန်ပြီလဲဆိုတာ ဗီဒီယိုလေးကြည့်လိုက်ကြပါအုန်း….
Source : Chue Chue
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)