အသက် ၄၅နှစ်ပြည့်သွားပြီလို့ မထင်ရ‌လောက်အောင် နုပျိုလှပနေဆဲဖြစ်တဲ့ နန္ဒာလှိုင်
Posted on
ရုပ်ရှင်အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်စုကျော်လောက်ကြာတဲ့အထိ နာမည်တစ်လုံးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုတစ်ခဲနက်ရရှိထားခဲ့သူကတော့ အကယ်ဒမီမင်းသမီးချောလေး နန္ဒာလှိုင်ပဲဖြစ်ပါတယ်။ သူမဟာ ယခုအချိန်မှာဆိုရင် သာယာပျော်ရွှင်ဖွယ်ရာမိသားစု‌ေလးကိုပိုင်ဆိုင်ထားရပြီးတော့ ချစ်စရာကောင်းပြီးအရမ်းတော်တဲ့ သမီးလေး (၃)ယောက်ကိုပါ ‌ပိုင်ဆိုင်ထားခဲ့ရပြီပဲဖြစ်ပါတယ်
ဒီနေ့ဆိုရင်လည်း သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတွေထဲက သမီးအကြီးလေးနဲ့ သမီးအလတ်တို့ဟာ Spelling Bee ၀င်ပြိုင်ခဲ့တဲ့ အတွက်မေမေကိုယ်တိုင်လိုက်စောင့်ပေးခဲ့ရပါတယ်။ ဒီလိုထူးချွန်တဲ့ ချစ်စရာ သမီးလေးတွေကို ရထားတဲ့ မေမေနန္ဒာလှိုင် တစ်ယောက်ကတော့ ဘယ်လောက်တောင်ကံ‌ေကာင်းလိုက်မလဲနော်။ လိမ္မာရေးခြားရှိတဲ့ သမီးလေးတွေလည်းဖြစ်တာကြောင့် မေမေဘယ်သွားသွားမျက်နှာပွင့်နေရမယ်ဆိုတာ မလွဲဧကန်ပါပဲ။
ဒါ့အပြင် သမီးအလိမ္မာလေးတွေရဲ့ မေမေ နန္ဒာလှိုင်ဟာဆိုရင် ဒီနေ့ နို၀င်ဘာလ (၂)ရက်နေ့မှာဆိုရင် အသက်(၄၅)နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ ဂရုစိုက်ကြင်နာခြင်းတွေ သမီးလေးတွေရဲ့လိမ္မာပါးနပ်မှုတွေကြောင့် အမြဲတမ်းစိတ်ချမ်းသာနေခဲ့ရပြီး အသက်တစ်နှစ်ပိုကြီးသွားတယ်လို့ကိုမထင်ရအောင် အရွယ်တင်လှပ‌လို့နေဆဲပါနော်။ ကဲ…  ဒီတော့ မွေးနေ့ရှင် မေမေနန္ဒာလှိုင်လည်း ချစ်ရတဲ့သူတွေနဲ့ ရာသက်ပန်တူတူနေရပြီး မေမေ့အပေါ်ကျေးဇူးသိတတ်တဲ့ သမီးရတနာလေးတွေကိုလည်းပိုင်ဆိုင်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…
Source : Nandar Hlaing
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)