ကိုရီးယားမလေးလို ထင်ရလောက်အောင် အရမ်းချစ်စရာကောင်းလွန်းနေတဲ့ ဖြူဖြူထွေးရုပ်သံ

Posted on

ပရိသတ်တွေကြားမှာ သူမတူတဲ့ ကကွက်တွေနဲ့ အနုပညာလောကထဲကို ဝင်‌ရောက်လာခဲ့ပြီး လက်ရှိအချိန်မှာ‌တော့ အောင်မြင်မှုတွေကို များစွာရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ အနုပညာရှင်လေးတစ်ဦးပါ။ သူမရဲ့ ဝါသနာအတွက် ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ အကောင်းဆုံးကြိုးစားခဲ့ပြီး မြန်မာဆန်ဆန်အဝတ်အစားလေးတွေကို အမြတ်တနိုးဝတ်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ ယုံကြည်အားပေးမှုတွေကို ပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။

အခုဆိုရင် ကြော်ငြာတွေများစွာကို လက်ခံရိုက်ကူးပေးလျက်ရှိပြီး အလုပ်တွေမအားရအောင် အရမ်းတွေကြိုးစားနေတဲ့ ဖြူဖြူထွေးကို မြင်တွေ့ရမှာပါ။ ပရိသတ်တွေသိတဲ့ အတိုင်း ရိုးသားပွင့်လင်းပြီးဖြူစင်လွန်းတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုပြီးပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဖြူဖြူထွေးရဲ့ အမာခံပရိသတ်တွေက အမြဲ ဝန်းရံရပ်တည်ပေးလျက်ရှိပြီး ဖြူဖြူထွေးကလည်း အားတဲ့ အချိန်လေးတွေမှာတောင် ပရိသတ်တွေ ပျော်ရွှင်စေဖို့အတွက် Tiktokဗီဒီယိုလေးတွေ ဆော့ပြီးတင်တတ်ပါသေးတယ်။

အခုလည်း ပရိသတ်တွေ အရင်က ဆလီနာနဲ့ တူတဲ့ လို့ ပြောခဲ့တဲ့ ကြော်ငြာမင်းသမီးလေး ဖြူဖြူထွေးက အခုတခေါက်မှာတော့ ကိုရီးယား မင်းသမီးလေးလို့ ပန်းနုရောင်ဂါဝန်အတိုလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေတာကို မြင်တွေ့ရမှာပါ။ American Centerရဲ့ ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို CeleZoneပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



