ကိုဗစ်ကာလကြီးမို့ ဖခင်ဖြစ်သူကို ကိုယ်တိုင်လက်စွမ်းပြဆံပင်ညှပ်ပေးလိုက်တဲ့ ရွှေသမီး

ပရိသတ်ကြီးရေ ရွှေသမီးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ရွှေသမီးကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သမီးအလိမ္မာလေးပါ။ အနုပညာအလုပ်တွေအားတဲ့အချိန်တိုင်းမှာလည်း မိဘတွေကို ခြေဆုပ်လက်နယ်ပြုစုပေးလေ့ရှိပါသေးတယ်။

လတ်တလောမှာလည်း ရွှေသမီးက ကိုဗစ်ကာလဖြစ်နေတာကြောင့် အပြင်မှာ ဆံပင်သွားညှပ်လို့မရတဲ့ ဖခင်ကြီးကို ကိုယ်တိုင်ဆံပင်ညှပ်ပေးခဲ့ပါတယ်။ ဖခင်ကြီးကို ကိုယ်တိုင်ဆံသပေးနေတဲ့ ပုံလေးတွေနဲ့အတူ “ကိုဗစ်ကာလကတော့ အင်္ကျီပွပွ ဘောင်းဘီပွပွဝတ် ကြက်ပေါင်ဖိနပ်နဲ့နေလဲ ပညာစုံထုတ်သုံးနေရတော့တာပါပဲ။ဖေဖေ့ကိုတော့ တောင်းပန်ပြီး ကြိုမှာထားရတယ် ဆံပင်ညှပ်ဆိုင်သွားလို့ရတဲ့အချိန်ကျ ဆံသဆရာက ခင်များဆံပင်ဘယ်သူညှပ်ပေးထားလဲမေးရင်

(သမီးအငယ်ဆုံးလေးညှပ်ပေးတာလို့ မပြောနဲ့နော်လို့ )မဟုတ်ရင် ဆံသဆရာကပါးစပ်ကထုတ်မပြောရင်တောင် ကျွန်မကိုစိတ်ထဲကနေ ကျိန်ဆဲနေမှာ အသေအချာဘဲလေ ညှပ်တာ ဂိုက်ထိုးတာ အကုန်အဆင်ပြေပါတယ် နားထင်လေးနဲနဲကွက်သွားရုံလေးပါဘဲ။” ဆိုပြီး စနောက်ဖော်ပြထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ရွှေသမီးက ပရိသတ်တွေကိုရော ဆံပင်ညှပ်ပေးရဦးမလာတဲ့။

Chilli – CeleZone
Source – Shwe Thamee