အဘိုးအဘွား(၁၅၀)အတွက်လှူဒါန်းမယ့် ခိုင်နှင်းဝေရဲ့ လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးလိုက်တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ လက်ရှိမှာ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေခဲ့ပြီး လတ်တလောမှာလည်း Covid ကာလတွင် အခက်အခဲဖြစ်နေသော ဆိပ်ကမ်း၊ ကျူးကျော်၊ လယ်ကွင်းပြင် နေရာစုံတို့တွင် နေထိုင်သော ဘိုးဘွားများ၊ နာမကျန်းသော ဘိုးဘွားများ၊ အိမ်ယာမဲ့ ဘိုးဘွား (၁၅၀)တို့အား လိုအပ်သော စားသောက်ကုန် ပစ္စည်းများ သွားရောက် လှူဒါန်းဖို့ စီစဉ်နေခဲ့ပါသေးတယ်။

အဘိုးအဘွား (၁၅၀) ကျော်အတွက် လိုအပ်တာတွေလှူဒါန်းပေးမယ့် ခိုင်နှင်းဝေရဲ့လှူဒါန်းမှုမှာတော့ ပိုးအိအိခန့်က အလှူငွေ (၁၀)သိန်းတိတိကို မတည်အလှူငွေအနေနဲ့ ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ အခုလို သူ့ရဲ့လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးတဲ့အတွက် “.ယခုလို ကာလမှာ လှူတန်းဘို့ မလွယ်ပေမဲ့ စေတနာ သဒ္ဓါထက်သန်စွာ လှူဒါန်းပေးတဲ့ အတွက် မောင်လေး အောင်သူ နဲ့ ညီမလေး ပိုးအိအိခန့်တို့ မိသားစု ကို အလှူခံ ပုဂ္ဂိုလ်များ ကိုယ်စား ကျေးဇူးတင်ပါတယ် ညီမလေးရေ”လို့ ကျေးဇူးတင်စကားဆိုထားပါသေးတယ်။

ခိုင်နှင်းဝေကတော့ ဒီအလှူလေးကို (၃၀)ရက်နေ့မှာ သွားရောက်လှူဒါန်းပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ CeleZone ပရိသတ်ကြီးရေ အလှူပြုလုပ်တဲ့ ခိုင်နှင်းဝေရော ပါဝင်လှူဒါန်းပေးတဲ့ ပိုးအိအိခန့်ရဲ့အလှူလေးကိုရော သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleZone
Source – Khine Hnin Wai