Halloween Night မှာ ဝဝကစ်ကစ် တူမလေးတွေရဲ့ အကစွမ်းရည်တွေကို ထုတ်ကြွားလိုက်တဲ့ ဆုပန်ထွာ
Posted on
အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ဆုပန်ထွာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ်ဥိီးပါ။ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ချစ်ခင်ပွန်းနဲ့အတူ တည်ဆောက်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ဥိီးလည်းဖြစ်ပါတယ်။ ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင် လက်ရှိအချိန်ထိ ပေါ့ပါးလွတ်လပ်စွာ အရမ်းကို စတိုင်ကျနေတဲ့ ဆုပန်ရဲ့ ပုံလေးတွေကြောင့် ပရိသတ်တွေကြားမှာ လက်ရှိအချိန်ထိရေပန်းစားနေဆဲပါ။
တစ်သားမွေးတစ်သွေးလှဆိုသလို အရမ်းကိုချစ်စရာကောင်းတဲ့ မေမေတစ်ယောက်ဖြစ်တဲ့ ဆုပန်က ပရိသတ်တွေ မသိသေးတဲ့ ဝဝကစ်ကစ်တူမလေးတွေကို ထုတ်ကြွားလိုက်တာပါနော်။ တူမလေးတွေ အကုန်လုံးက ဝဝကစ်ကစ်လေးတွေဖြစ်ပေမယ့် မထင်မှတ်ထားရလောက်အောင် အရည်အချင်းတွေရှိတဲ့ သူလေးတွေပါ။ဆုပန်က ယခု Halloween ညလေးမှာ တူမလေးတွေနဲ့ အတူအချိန်ကုန်ဆုံးခဲ့ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့တာပါ။
ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ဆုပန်ရဲ့ တူမလေးတွေရဲ့ အကစွမ်းရည်ကတော့ တကယ့်ကို ချီးကျူးရလောက် တော်ကြပါတယ်။ ဆုပန်က တူမလေးတွေရဲ့ အကစွမ်းရည်ကို မှတ်တမ်းတင်ပြီး ကြွားလိုက်တဲ့ ဗီဒီယိုလေးကို CeleZone ပရိသတ်တွေ တင်ပေးလိုက်ပါတယ်။ ဆုပန်ရဲ့ ချစ်စရာကောင်းတဲ့ တူမလေးတွေကိုလည်း အားပေးလိုက်ပါအုံးနော်။
Source:Supan Htwar
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)