(၁၈)နှစ်ပြည့်မွေးနေ့လေးအတွက် အလှူငွေ (၁၈)သိန်းလှူဒါန်းပေးလိုက်တဲ့ စံထိပ်ထားဦး

ပရိသတ်ကြီးရေ စံထိပ်ထာားဦးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ခိုင်သင်းကြည်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိပ်ထိပ်လေးကအနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပြီး အနုပညာမျိုးရိုးကဆင်းစက်လာတဲ့သူတစ်ယောက်ပီပီ အနုပညာမှာ ပါရမီပါလွန်းလှတာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိနေခဲ့ပါတယ်။

လာမယ့်နိုဝင်ဘာလ (၂၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် ထိပ်ထိပ်လေးရဲ့မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပါ။ ထိပ်ထိပ်လေးက ဒီနေ့နိုဝင်ဘာလ (၂၄)ရက်နေ့မှာတော့ မွေးနေ့အလှူလေးအဖြစ်ကြိုပြီးလှူဒါန်းခဲ့ပါတယ်။ (၁၈)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူငွေ (၁၈)သိန်းကို ဝေဘာဂီဆေးရုံကြီးမှာ သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ထိပ်ထိပ်လေးလည်း မွေးနေ့အထိမ်းအမှတ်ပြုလုပ်တဲ့ ကာလဒါနအလှူလေးကို ပရိသတ်ကြီးတွေလည်း မုဒိတာပွားလို့ရအောင် CeleZone ကနေပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေက ထိပ်ထိပ်လေးရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။

Chilli – CeleZone
Source – Khine Thin Kyi