ဆံပင်အတိုလေးညှပ်ပြီးနောက်မှာ အလန်းစား အဂေါ်စားပုံရိပ်တွေနဲ့ အားလုံးကိုမှင်သက်စေခဲ့တဲ့ နန်းဆုရတီစိုး

အသက်အရွယ်နဲ့မလိုက်အောင်ကို နုပျိုလွန်းတဲ့ နန်းဆုတစ်ယောက် ဆံပင်အတိုလေး ညှပ်ပြီးနောက်ပိုင်းမှာတော့ ဆယ်ကျော်သက် လေးတစ်ယောက်လို့တောင် ထင်ချင်စရာပါ။ အသက်သုံးဆယ်ကျော်အရွယ်ဆိုတာ ယုံချင်စရာမရှိတဲ့ နုပျိုမှုနဲ့ အလှတရားကတော့ သူမကိုယ်တိုင်ထိန်းသိမ်းမှုနဲ့ ကျန်းမာရေးလိုက်စားမှုတွေကြောင့်ပါပဲ။

 

ကိုယ်တိုင်လည်းလှအောင်နေသလို အလှူအတန်းဆိုလည်းလက်မနှေးတတ်တဲ့ နန်းဆုဟာ အမေများအဖွဲ့ရဲ့ ထာရဝဗဒေသာပင် အတွက် ငွေကျပ်သိန်း (၂၀) လှူဒါန်းခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ချစ်သူမရှိသေးဘဲ တစ်ယောက်တည်းနေနေရင်း ဘဝကို အေးအေးလူလူ ဖြတ်သန်းနေခဲ့ပါတယ်။

 

 

ဒီနေ့မှာလည်း သူမရဲ့ခပ်မိုက်မိုက်ပုံရိပ်တွေကို ” ရန်ကုန်ဆောင်းက သိပ်မအေးပေမယ့် မင်းရဲ့အနွေးဓာတ်တော့လိုတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ street fashion အမိုက်စားနဲ့ အားလုံးကိုကြွေဆင်းအောင်ဖမ်းစားနိုင်တဲ့ ရှမ်းတရုတ်မလေးရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

 

 

Happy – Cele Zone
Photo – Nansu Yati Soe