ခီမောင်နှံရဲ့နာမည်ကို လက်မောင်းမှာ Tattoo ထိုးပြီး အားပေးကြမ်းပြလိုက်တဲ့ ပရိသတ်တစ်ဦး
Posted on
အမိုက်စားဇာတ်လမ်းတွေနဲ့ပဲ ပရိသတ်တွေရဲ့နှလုံးသားကိုဖမ်းဆုပ်လိုက်နိုင်ခဲ့တဲ့ ခီမောင်နှံကို ပရိသတ်တွေကလည်း အပြတ်အသတ်အားပေးကြမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ တတိယမြောက်ကြိုးစားမှုဇာတ်လမ်းလေးဟာလည်း လက်ရှိမှာရုံတင်ပြသနေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အံ့မခန်းအားပေးမှုကတော့ ခီမောင်နှံအတွက် အားဖြစ်စေခဲ့ပါတယ်။
အကောင်းဆုံးပြင်ဆင်ပြီးမှရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးဟာ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပြန်ပါတယ်။ အချစ်ကို သိရှိခံစားဖူးသူတိုင်းအတွက်တော့ ဒီဇာတ်ကားလေးဟာ မျက်ရည်မဆည်နိုင်ခဲ့တဲ့ ခံစားချက်တွေကို ပြန်အသက်သွင်းစေမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ ပရိသတ်တွေကိုစေတနာထားပြီးအကောင်းဆုံးတင်ဆက်ခဲ့လို့ ပရိသတ်တွေကလည်း မေတ္တာတွေနဲ့ ုတုန့်ပြန်ခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပရိသတ်တစ်ယောက်က လက်မောင်းအောက်နားလေးမှာ ” Zenn Kyi / Christina Kyi ” ဆိုပြီး ခီမောင်နှံရဲ့ နာမည်ကို မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမှတ်တမ်းတင်ခဲ့တဲ့ ပုံလေးကို ဇာတ်ခီတစ်ယောက် သဘောတကျနဲ့ Share လုပ်ခဲ့ပါတယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်ကို respect ထားပုံက တကယ့်ကိုလေးစားစရာပဲနော်။
Photo – Zin Ko Oo
Happy -Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Zin Ko Oo
Happy -Cele Zone