သံယောဇဉ်တွေဖြတ်ချခဲ့ပြီးနောက်မှာ အမေများအဖွဲ့ရဲ့ ထာဝရဗဒေသာပင်အတွက် ငွေကျပ် သိန်း (၂၀) လှူဒါန်းပေးခဲ့တဲ့ နန်းဆုရတီစိုး

တစ်သက်လုံးသံယောဇဉ်ရှိလာခဲ့တဲ့ ဆံပင်ရှည်ကြီးကို ဂုတ်ဝဲလေးဖြစ်အောင် ညှပ်ချခဲ့ပြီးနောက် ဆယ်ကျော်သက်လေးတစ်ယောက် လို ပြန်လည်နုပျိုလန်းဆန်းမှုတွေနဲ့ နန်းဆုတစ်ယောက် လှချင်တိုင်းလှနေပါတော့တယ်။ ဒီနောက်မှာတော့ အမေများအဖွဲ့နဲ့ မိတ်ဖက်မီဒီယာတွေအတွက် ဆန် ,ဆီ, လက်ဆေးဆပ်ပြာ,ပန်းကန်ဆေးဆပ်ပြာ နှင့် alcohol spray တွေလှူဒါန်းပေးခဲ့ပါတယ်။

 

 

 

 

တတ်နိုင်သလောက်လေးအလှူလုပ်ပြီးနောက်မှာတော့ အမေများအဖွဲ့ရဲ့ ထာဝရဗဒေသာပင်အတွက် ငွေကျပ် သိန်း (၂၀) ထပ်မံလှူဒါန်း ပေးခဲ့ပါသေးတယ်။ တန်ဖိုးထားမြတ်နိုးခဲ့ရတဲ့ ဆံပင်ရှည်ကိုတောင်စွန့်လွှတ်ခဲ့ပြီးနောက်မှာတော့ ကောင်းမွန်တာတွေ လုပ်ဖို့အတွက် အခုလိုကြည်နူးစရာအလှူလေးကိုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

 

 

 

 

ဆံပင်ရှည်နဲ့ပဲမြင်ချင်တဲ့ပရိသတ်ကြီးကိုလည်း နန်းဆုကစိတ်မဆိုးဖို့ပြောခဲ့ပါသေးတယ်။ ချောတဲ့သူဆိုတော့လည်း ဘယ်လိုပဲဖြစ်ဖြစ် လှနေတော့တာပါပဲ။ သူမရဲ့အလှူပုံလေးတွေကို ” အမေများအဖွဲ့နှင့် မိတ်ဖက်မီဒီယာများကို ဆန် ,ဆီ, လက်ဆေးဆပ်ပြာ, ပန်းကန်ဆေးဆပ်ပြာနှင့် alcohol spray များဖြင့် ဂါရဝပြုပြီး အမေများအဖွဲ့ရဲ့ ထာဝရပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း (၂၀) လှူဒါန်းခဲ့ပါတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

 

 

 

Happy – Cele Zone
Photo – Nansu Yati Soe