ပရိသတ်တွေဆီကနေ နောက်ဆုံးပေါ် I Phone နဲ့ မွေးနေ့အကြို Surprise လုပ်ခံလိုက်ရတဲ့ မူးလာ

ပရိသတ်ကြီးရေ မူးလာကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ပြိုင်ပွဲကြီးစတင်ယှဉ်ပြိုင်ကတည်းက ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးချစ်ခင်မှုကို ရရှိထားခဲ့ပြီး လက်ရှိမှာဆိုရင်လည်း မူးလာက အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ်။

လတ်တလောမှာတော့ မူးလာကသူ့ရဲ့ပရိသတ်တွေဆီကနေ မထင်မှတ်ထားတဲ့ လက်ဆောင်လေးတွေကို ရရှိခဲ့ပါသေးတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် မူးလာရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့အကြိုအနေနဲ့ ပရိသတ်တွေက နောက်ဆုံးပေါ် I phone 12 Pro နဲ့အတူ မွေးနေ့ကိတ်တွေကို လက်ဆောင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

မူးလာရဲ့ မွေးနေ့ကျရောက်တဲ့ ခရစ်စမတ်နေ့အမှတ်တရအနေနဲ့လည်း ငါးထောင်တန်တွေနဲ့ ပုံဖော်ပြထားတဲ့ ခရစ်စမတ်သစ်ပင်လေးကိုလည်းလက်ဆောင်ရရှိခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မူးလာကတော့ ပရိသတ်တွေရဲ့ မွေးနေ့အကြိုSuprise လေးကြောင့် တော်တော်လေးကိုပျော်ရွှင်နေမှာတော့ အသေအချာပါပဲ။

Chilli – CeleZone
Source – We Love Saw Chris Mooler