ဓာတ်ပုံမရိုက်ပေးလို့ စိတ်ကောက်နေတဲ့ချစ်ဇနီးလေးစိတ်တိုင်းကျစေဖို့ အမိုက်စားပုံလေးတွေနဲ့ လက်စွမ်းပြလိုက်တဲ့ ဒါရိုက်တာဏကြီး

ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ခင်ပေးတဲ့ လက်တွဲဖော်ကောင်းရထားတာလည်း ပျော်စရာပါပဲ။ အသက်အရွယ်ကွာဟကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ နေနဲ့လ ရွှေနဲ့မြပါပဲ။ ကလေးလိုချွဲတတ်ပေမယ့် အလုပ်လုပ်တဲ့အချိန်ကျရင်တော့ လူကြီးတစ်ယောက်လို ရင့်ကျက်မှုတွေနဲ့ ခင်ပွန်းနဲ့အတွဲညီညီလုပ်နိုင်တဲ့သုသုဟာ အရည်အချင်းရှိတဲ့ မင်းသမီးတစ်ယောက်ပါ။

 

 

ပုံမှန်ဆိုပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် ကင်မရာရှေ့ရောက်တဲ့အခါမှာတော့ ကျရာဇာတ်ရုပ်ကို ပီပြင်ဖို့နဲ့ ပရိသတ်တွေကြည့်ရတာ တန်စေဖို့ဇာတ်ကားကောင်းတွေထဲက သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အမြဲကြိုးစားနေခဲ့ပါတယ်။ ဦးရေခဲကို အမြဲတမ်းစနောက်နေပြီး သူမတို့နှစ်ယောက်ရဲ့ ချစ်စရာ Lifestyle လေးအကြောင်းကို လူမှုကွန်ရက်မှာ မကြာခဏဆိုသလို ဝေမျှတတ်ပါသေးတယ်။

 

 

ဒီတစ်ခေါက်မှာလည်း ဦးရေခဲရဲ့ဓာတ်ပုံစွမ်းရည်တွေကို ” ဟိုနေ့ကဓါတ်ပုံမရိုက်ပေးတာကြာပြီ ဖြစ်ကြောင်းစကားနာထိုးလိုက်လို့ လိုက်ရိုက်ပေးထားတာ ” ဆိုပြီးခပ်နောက်နောက်လေး တင်ထားခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့သုသုတစ်ယောက် ဦးရေခဲရဲ့လက်စွမ်းတွေကြောင့် ပိုပြီးချစ်စရာကောင်းသွားပါပြီပရိသတ်ကြီးရေ။

 

 

Happy – Cele Zone
Photo – Paing Phyoe Thu