Myanmar Idol ကနေ Voting အနည်းဆုံးဖြင့် ထွက်ခွာသွားခဲ့ရတဲ့ ခြူးစစ်ဟန်

Posted on

Myanmar Idol Season (4) ရဲ့ Top (11) ပြိုင်ပွဲဝင်တို့ရဲ့ အောက်တိုဘာလ (၃၁) ရက်နေ့ ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ Performance Show ကတော့ ပရိသတ်တွေအဖို့ ရွေးချယ်ရခက်လောက်အောင် ပြိုင်ပွဲဝင်တွေရဲ့ အကောင်းဆုံးဖျော်ဖြေမှုတွေ ခံစားခဲ့ရပါ တယ်။ပြိုင်ပွဲဝင်တွေရဲ့အားပြိုင်မှုတွေက ပြင်ထန်းသလို့ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အဓိကကျနေတာမို့ ယနေ့ညမှာ တော့ Voting အနည်းဆုံးနဲ့ ခြူးစစ်ဟန်က ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ ယော်ကီး၊ဘင်ဂျမင်ဆုမ်း၊ နော်စေးစေးထူး၊ တန်ခွန်ကျော်၊ ခြူးစစ်ဟန်၊ထက်အဉ္စလီ၊နှင်းအိအိဝင်း၊ အက်စတာဒေါ့ချင်းဆုန်၊ စနေလင်းကျော် ၊ စောခရစ်မူးလာ နဲ့ အေးမြဖြူ တို့ရဲ့ ယှဉ်ပြိုင်မှုကတော့ အမှားအယွင်းတစ်ယောက်မှ မရှိခဲ့ပေမယ့် Voting စနစ်နဲ့ ရွှေးချယ်ခဲ့တာမို့ ခြူးစစ်ဟန်က နှုတ်ဆက်ထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။ ဒိုင်တွေကို save song ဆိုပြနေတဲ့အချိန်မှာပဲ သူမကအရမ်းကိုဝမ်းနည်းခဲ့ပြီး အသံတွေတောင်တုန်နေခဲ့ပါတယ်။

အကဲဖြတ်ဒိုင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကိုလတ်ကလည်း သူမကိုစိတ်ဓာတ်မကျဖို့နဲ့ အမြဲတမ်းကြိုးစားခွင့်ရှိကြောင်း အားပေး စကားပြောခဲ့ပါသေးတယ်။ ရင်ခုန်စိတ်လှုပ်ရှားမှုများစွာနဲ့ သူမရဲ့သီဆိုဟန်တွေဟာ ပရိသတ်တွေကိုလည်း စိတ်ထိခိုက်စေခဲ့ပါ တယ်။ ” သမီးရဲ့မေမေ ” သီချင်းလေးနဲ့ သူမကအကောင်းဆုံးဖျော်ဖြေခဲ့ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပါတယ်။

Source: Myanmar Idol
Happy -Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” Myanmar Idol ကေန Voting အနည္းဆုံးျဖင့္ ထြက္ခြာသြားခဲ့ရတဲ့ ျခဴးစစ္ဟန္ ”

Myanmar Idol Season (4) ရဲ႕ Top (11) ၿပိဳင္ပြဲဝင္တို႔ရဲ႕ ေအာက္တိုဘာလ (၃၁) ရက္ေန႔ ညမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ Performance Show ကေတာ့ ပရိသတ္ေတြအဖို႔ ေ႐ြးခ်ယ္ရခက္ေလာက္ေအာင္ ၿပိဳင္ပြဲဝင္ေတြရဲ႕ အေကာင္းဆုံး ေဖ်ာ္ေျဖမႈေတြ ခံစားခဲ့ရပါတယ္။ၿပိဳင္ပြဲဝင္ေတြရဲ႕အားၿပိဳင္မႈေတြက ျပင္ထန္းသလို႔ ပရိသတ္ေတြရဲ႕ အားေပးမႈကလည္း အဓိကက်ေနတာမို႔ ယေန႔ညမွာေတာ့ Voting အနည္းဆုံးနဲ႕ ျခဴးစစ္ဟန္က ျပိဳင္ပြဲကေန ထြက္ခြာ ခဲ့ရတာပဲျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္ေတြျဖစ္ၾကတဲ့ ေယာ္ကီး၊ဘင္ဂ်မင္ဆုမ္း၊ ေနာ္ေစးေစးထူး၊ တန္ခြန္ေက်ာ္၊ ျခဴးစစ္ဟန္၊ထက္အၪၥလီ ၊ႏွင္းအိအိဝင္း၊ အက္စတာေဒါ့ခ်င္းဆုန္၊ စေနလင္းေက်ာ္ ၊ ေစာခရစ္မူးလာ နဲ႔ ေအးျမျဖဴ တို႔ရဲ႕ ယွဥ္ၿပိဳင္မႈ ကေတာ့ အမွားအယြင္းတစ္ေယာက္မွ မရွိခဲ့ေပမယ့္ Voting စနစ္နဲ႔ ေရႊးခ်ယ္ခဲ့တာမို႔ ျခဴးစစ္ဟန္က ႏႈတ္ဆက္ထြက္ခြာခဲ့ရ တာပဲျဖစ္ပါတယ္။ ဒိုင္ေတြကို save song ဆိုျပေနတဲ့အခ်ိန္မွာပဲ သူမကအရမ္းကိုဝမ္းနည္းခဲ့ျပီး အသံေတြေ တာင္တုန္ေနခဲ့ပါတယ္။

အကဲျဖတ္ဒိုင္တစ္ဦးျဖစ္တဲ့ ဦးေအာင္ကိုလတ္ကလည္း သူမကိုစိတ္ဓာတ္မက်ဖို႔နဲ႔ အျမဲတမ္းၾကိဳးစားခြင့္ရွိေၾကာင္း အားေပးစကားေျပာခဲ့ပါေသးတယ္။ ရင္ခုန္စိတ္လႈပ္ရွားမႈမ်ားစြာနဲ႔ သူမရဲ႕သီဆိုဟန္ေတြဟာ ပရိသတ္ေတြကိုလည္း စိတ္ထိခိုက္ေစခဲ့ပါ တယ္။ ” သမီးရဲ႕ေမေမ ” သီခ်င္းေလးနဲ႔ သူမကအေကာင္းဆံုးေဖ်ာ္ေျဖခဲ့ေပမယ့္လည္း စိတ္မေကာင္းစြာနဲ႔ပဲ ျပိဳင္ပြဲကေန ႏႈတ္ဆက္ခဲ့ရပါတယ္။

Source: Myanmar Idol
Happy -Cele Zone