ပရိသတ်တွေ အသည်းတယားယားဖြစ်သွားမယ့် Ivy လေးရဲ့ Halloween ပွဲ ရုပ်သံ
Posted on
ဂီတလောကထဲကိုခွန်အားအသစ်တွေနဲ့ ဝင်ရောက်ခဲ့တဲ့ အဆိုတော် တစ်ဥိီးဖြစ်တဲ့ အေသင့်ကို ပရိသတ်တွေ သိကြမှာပါ။ ပရိသတ်တွေ အရမ်းကို သဘောကျခဲ့တဲ့ အဆိုတော်တစ်ဥိီး ဖြစ်တဲ့အပြင် အခုချိန်ထိ အေသင့်ရဲ့ သီချင်းတွေက ပရိသတ်တွေရင်ထဲမှာ စွဲကျန်နေတုန်းပါ။ လက်ရှိမှာဆိုရင်လည်း အေသင်က သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ နားဆင်ခံစားနိုင်ဖို့ ကြိုးစားနေတာကိုလည်း တွေ့မြင်ရမှာပါ။
ပရိသတ်တွေ သိထားတဲ့အတိုင်း Single Mother အဖြစ် ခံယူထားတဲ့ အေသင်က အရမ်းကိုချစ်စရာကောင်းတဲ့ Ivy လေးအတွက် စွမ်းအင်တွေအပြည့်နဲ့ ကြိုးစားနေတဲ့ မေမေတစ်ဥိီးဆိုလည်း ဟုတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ သမီးလေးတွေအတွက် ကြိုးစားရင် လိမ္မာတဲ့ သမီးလေးဖြစ်အောင် မိခင်တစ်ယောက်ရဲ့ မေတ္တာတွေ အပြည့်ပေးပြီး သမီးလေးကို ရင်အုပ်မခွာ စောင့်ရှောက်နေသူတစ်ဥိီးပါ။
အေသင်တို့ သားအမိက ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားပြီး ချစ်စရာကောင်းတဲ့ သားအမိလေးဖြစ်သလို Ivy လေးကလည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ မီးမီးလေးပါ။ အခုလည်း Ivy လေးရဲ့ ကျောင်းမှာ ပြုလုပ်တဲ့ Halloween ပွဲလေးမှာ စတိုင်မျိုးစုံနဲ့ အရမ်းကို အသည်းယားစရာကောင်းနေတဲ့ Ivy လေးရဲ့ အမူအယာလေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေကို CeleZoneပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်နော်။
Source:Athen Cho Swe
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)
ပရိသတ်တွေ သိထားတဲ့အတိုင်း Single Mother အဖြစ် ခံယူထားတဲ့ အေသင်က အရမ်းကိုချစ်စရာကောင်းတဲ့ Ivy လေးအတွက် စွမ်းအင်တွေအပြည့်နဲ့ ကြိုးစားနေတဲ့ မေမေတစ်ဦးဆိုလည်း ဟုတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ သမီးလေးတွေအတွက် ကြိုးစားရင် လိမ္မာတဲ့ သမီးလေးဖြစ်အောင် မိခင်တစ်ယောက်ရဲ့ မေတ္တာတွေ အပြည့်ပေးပြီး သမီးလေးကို ရင်အုပ်မခွာ စောင့်ရှောက်နေသူတစ်ဦးပါ။