ပြင်ဦးလွင်မှာ မိသားစုလိုက်အပန်းသွားဖြေရန် တည်ဆောက်နေတဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့ အိမ်ကြီးရဲ့ အကြမ်းပုံလေးတင်လိုက်တဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့်  ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။

စမိုင်းလ်တို့မိသားစုလေးကို ပရိသတ်တွေက ချစ်ကြလို့ သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။ဒီရက်ပိုင်းမှာလည်း ချစ်ခင်ပွန်းရဲ့မွေးနေ့အလှူလေးအဖြစ် ဒီနေ့ထိတိုင် အလှူအတန်းများစွာလုပ်နေတာကိုလည်းကြည်နူးစရာကောင်းလောက်အောင်တွေ့မြင်ရပတယ် ။

စမိုင်းလ်ကတော့ ခု stay home ကာလလေးမှာ ချစ်စရာတဲ့ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာလည်းဖြစ်ပါတယ်။ အခုမှာတော့ ပြင်ဦးလွင်ရဲ့ အရမ်းလှတဲ့တောင်ကုန်းထိပ်လေးမှာ တည်ဆောက်နေတဲ့ ကြီးကျယ်ခမ်းနားပြီး မိုက်လွန်းနေတဲ့ သူမရဲ့ အိမ်ကြီးရဲ့ အကြမ်းပုံလေးတွေကို “ပြင်ဦးလွင်ကအိမ်ကလေးတောင်အကြမ်းပြီးတော့မယ်။ ကိုဗစ်တွေပြီးသွားရင် မေမြို့မှာ ၃ လလောက်သွားနေမယ်” ဆိုတဲ့စာလေးနဲ့ဖော်ပြထားတာတွေ့ရပါတယ် ။ အိမ်ကြီးကမပြီးသေးတာတောင်အရမ်းမိုက်နေတာကြောင့် ပရိသတ်တွေအားကျနေရတာလည်းဖြစ်ပါတယ် ။ပရိသတ်ကြီးအတွက် စမိုင်းလ်ရဲ့ အိမ်အကြမ်းပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Smile