နားထောင်ပြီးရင် Ro ချင်သွားမယ့် ချယ်ရီသင်းရဲ့ အချစ်သီချင်းလေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ချယ်ရီသင်းကတော့ ဒီနေ့မှာ သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိလာခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေခဲ့ပါတယ်။ ချယ်ရီသင်းရဲ့ ထွက်ရှိလာသမျှသီချင်းတိုင်းကလည်း တစ်ပုဒ်ဆိုဆစ်ပုဒ်ဆိုသလောက် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်မှုတွေများစွာရရှိထားပါတယ်။

ဒီနေ့မှာ ထွက်ရှိလာတဲ့ ချယ်ရီသင်းရဲ့ သီချင်းလေးကလည်း အချစ်သီချင်းချိုချိုလေးဖြစ်ပြီး သီချင်းရဲ့ နာမည်လေးကိုက “အနမ်းလေးချိုချို” လို့ နာမည်ပေးထားပါတယ်။ သီချင်းလေးရဲ့ MV လေးမှာလည်း ချယ်ရီသင်းကိုယ်တိုင်က ဟိန်းသစ်နဲ့အတူတူ ချစ်စရာကောင်းလှတဲ့ စုံတွဲလေးအနေနဲ့ သရုပ်ဆောင်ရိုက်ကူးထားတာကြောင့် သီချင်းလေးနဲ့တော်တော်လေးကို လိုက်ဖက်ပြီး ကြည်ရှု့တဲ့ ပရိသတ်တွေအတွက် နားထောင်ပြီးရင် Ro ချင်သွားမှာတော့ အသေအချာပါပဲ။

CeleZone ပရိသတ်ကြီးတွေရော ဒီနေ့မှာထွက်ရှိထားတဲ့ ချယ်ရီသင်းရဲ့ အသစ်စက်စက် အချစ်သီချင်းအသစ်လေးကို နားဆင်ပြီးကြပြီလား နားမထောင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း ချယ်ရီသင်းရဲ့ သီချင်းလေးကို နားဆင်ခံစားလို့ရအောင် CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleZone
Source – Cherry Thin