သမီးလေးကို ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာတောင် အပျိုတုန်းကထက် ပိုပြီးလှနေတဲ့ နန်းမြတ်ဖြိုးသင်း

စိတ်ချမ်းသာအောင်ထားတဲ့ခင်ပွန်းနဲ့ ချစ်စရာသားလေးတို့ကိုပိုင်ဆိုင်ထားတဲ့ မေမေနန်းမြတ်ရဲ့ အိမ်ထောင်ရှင်ဘဝဟာ အပျော်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ လက်ရှိမှာလည်း သမီးလေးကို ကိုယ်ဝန်ဆောင်ထားရပြီး ကျန်းမာလှပတဲ့မေမေအဖြစ်နဲ့ ချစ်စရာပုံလေးတွေ တောင် ရိုက်နေပါသေးတယ်။ ဒီနေ့မှာလည်း ရိုက်ကူးရေးရှိတာကြောင့် အလှပြင်ထားတဲ့ပုံလေးကို လူမှုကွန်ရက်မှာတင်ခဲ့ပါသေး တယ်။

ဝိုင်းစက်စက်မျက်လုံးလေးနဲ့ ချစ်စရာအပြင်အဆင်လေးဟာ အရမ်းကိုကြည့်ကောင်းပြီး ပရိသတ်တွေကလည်း နန်းမြတ်ရဲ့ ချစ်စဖွယ်ပုံလေးတွေကို အရမ်းကိုသဘောကျနေခဲ့ပါတယ်။ ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးဟာ ကိုယ်ဝန်ဆောင်ချိန်မှာတောင် ကိုယ်အလေးချိန်အများကြီး တက်မလာဘဲ ကြည့်ကောင်းနေဆဲပါပဲ။

 

ချစ်စရာဗိုက်ကလေးဟာ သမီးလေးကိုယ်ဝန်ဆောင်ထားတာကြောင့် ပိုပြီးနုနယ်နေသလိုပါပဲ။ မကြာခင်မှာ သားလေးနဲ့သမီးလေးရဲ့ မေမေဖြစ်တော့မှာမို့ နန်းမြတ်ကလည်း အပျော်ကြီး ပျော်နေခဲ့ပါတယ်။ သူမရဲ့ပုံလေးတွေကို ” ဗိုက်ဗိုက်ဒီနေ့ရှုတင်ရှိလို့ မိတ်ကပ်ပြင်ရတယ် ပြင်ထားတာအဆင်ပြေရဲ့လား? ” ဆိုပြီး တင်ထားခဲ့ပါတယ်။ ပရိသတ်တွေကလည်း နန်းမြတ်ကို ချစ်စရာကောင်းကြောင်းမှတ်ချက်တွေအများအပြား ပေးခဲ့ကြပါတယ်။

Happy – Cele Zone
Photo – Nan Myat Phyo Thin