ဘုရားဖူးနေရင်းနဲ့ကြည်ညိုလွန်းလို့ ဝတ်ထားတဲ့ရွှေလက်စွပ်ကိုချွတ်ပြီးလှူဒါန်းခဲ့တဲ့ ခေးဆက်သွင်

မြန်မာလူမျိုးတွေဟာ အရမ်းကိုစေတနာသဒ္ဓါတရားထက်သန်ကြပါတယ်။ အထူးသဖြင့် အမြတ်တနိုးတန်ဖိုးထားရတဲ့ ဘုရားစေတီ တွေအတွက်ဆိုရင် ပိုလို့တောင်သဒ္ဓါတရား ထက်သန်ကြပါသေးတယ်။ ဒီတစ်ခေါက်မှာလည်း ခေးဆက်သွင်က ဘုရားဖူးနေရင်း သူမရဲ့ သဒ္ဓါစိတ်ယိုဖိတ်လာတာကြောင့် ဝတ်ထားတဲ့ရွှေလက်စွပ်ကိုပါ ချွတ်ပြီးလှူဒါန်းခဲ့ပါတယ်။

အနုပညာအလုပ်တွေလည်းမရပ်မနားရအောင်လုပ်နေရပြီး ဝင်ငွေတွေအများကြီးရခဲ့တာမို့ အချိန်တိုအတွင်းမှာပဲ တိုက်ခန်းလေး ကလဲ ကွန်ဒိုခန်းကိုဝယ်ပြီးနေနိုင်ခဲ့ပါတယ်။ သူမနဲ့အတူ နေတဲ့ညီမလေးတွေကိုလည်း မိသားစုဝင်လိုပဲသဘောထားပြီး ရွှေလက်စွပ် လေးတွေလည်း ဆင်တတ်ပါသေးတယ်။

ကိုင်းကျွန်းမှီကျွန်းကိုင်းမှီစိတ်ထားရှိတာကြောင့် သူမရဲ့အလုပ်တွေလည်း အဆင်ပြေပြီး ဝင်ငွေတွေဒီရေအလားတိုးတက်နေခဲ့တာပါ။ အလှူအတန်းမှာလည်းရက်ရောသလို ဘုရားတရားလည်းကိုင်းရှိုင်းတဲ့ ခေးတစ်ယောက် သူမရဲ့အလှူလေးကို ” ဝတ်ထားတဲ့ ရွှေလက်စွပ်လေးချွတ်ပြီးလှူဒါန်းခဲ့ပါတယ် နတ်လူသာဓုခေါ်နိုင်ပါစေ ” ဆိုပြီး Faebook My Day မှာ တင်ခဲ့တာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Khay Sett Thwin