တက္ကသိုလ်ကျောင်းပွဲမှာဆုံတုန်း ငယ်ရည်းစားနဲ့ လက်ရှိခင်ပွန်းကို မိတ်ဆက်ပေးလိုက်တယ်ဆိုတဲ့ မေခလာ

တော်ရုံမိန်းကလေးတွေမလုပ်ရဲလောက်တဲ့လုပ်ရပ်တစ်ခုကို ချစ်ငယ်ကတော့ ခပ်ပြောင်ပြောင်ပဲ လုပ်ချလိုက်ပါတယ်ပရိသတ်ကြီး ရေ။ သူမတက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေနဲ့စုပြီး ရိုက်ထားတဲ့အမှတ်တရပုံလေးကိုတင်ပြီး တက္ကသိုလ်တုန်းကအမှတ်တရ တစ်ခုကို ပြောပြလာခဲ့ပါတယ်။

တက္ကသိုလ်အမှတ်တရတွေဟာ တက်ဖူးသူတွေတိုင်းအတွက်တော့ မမေ့နိုင်စရာတွေပါပဲ။ ချစ်ငယ်ကတော့ သူ့ရဲ့အမှတ်တရကို ” လိမ္မော်ရောင်ကျောင်းသူကနေ တက္ကသိုလ်ကျောင်း ရောက်ခဲ့တဲ့ အချိန်တုန်းက ဓါတ်ပုံလေးပါ သူများတွေလို ချစ်သူတွေနဲ့ အဓိပတိလမ်းလဲ မလျောက်ခဲ့ရဘူး ဘူးသီးကြော် ဆိုင်ထဲ နှစ်ကိုယ်တွဲ မစားခဲ့ရဘူး သူငယ်ချင်း (၄) ယောက် အမြဲမခွဲ သွားခဲ့ဖူးတဲ့နေရာလေးတွေ ချစ်သူရည်းစားဆိုတာကလဲ ချစ်ငယ်လို ရုပ်ဆိုးလေး ပိန်သေး ပြားချပ်လေးကို ကြိုက်ပါ့မလားနော် (ဟီးဟီး) ဒါပေမဲ့ ပြားချပ်ချပ်လေးကိုချစ်မိ့တဲ့ ချစ်သူတယောက်တော့ရှိဖူးတယ် အခုတော့ သူလဲ မိုတားကြီး ဖြစ်လောက်ပြီ ”

” မဖြစ်သေးဘူး တစ်ခါဆုံဖူးတယ် လွန်ခဲ့တဲ့တနှစ်စ်က သစ်ပုတ်ပင်အောက် ကျောင်းပွဲမှာ သူလဲလာတယ် ခု့ထိမိုက်နေတုန်း မိုတားကြီး မဖြစ်သေးဘူး ကျမချစ်သူ ကုလားလေး ကိုရန်ကျော်နီးပါးမိုက်နေတုန်းပါ ဒါနဲ့တစ်ခါထဲ သူတို့နှစ်ယောက်ကို မိတ်ဆွေဖွဲ့ ခိုင်းလိုက်တယ် ကဲ ပြီးရော ရှင်းရော ဒီပုံထဲက သူငယ်ချင်းတွေအားလုံး သတိရတယ် လွမ်းတယ် သူတို့က ချစ်ငယ်ထက် နှစ်အနည်း ငယ် လအနည်းငယ်တွေပိုကြီးလို့ မေခလာပဲခေါ်ကြတယ် မေခလို့လဲခေါ်ကြတယ် ပြန်မရနိုင်တော့တဲ့ တချိန်တုန်းက တက္ကသိုလ်ဆီ (ဒီပုံလေးကို ပို့ပေးတဲ့ သူငယ်ချင်း ခလေးသရုပ်ဆောင် စန္ဓာလင်း ကို ကျေးဇူးတင်ပါတယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Happy – Cele Zone
Photo – May Khalar