ဖေဖေ့ရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးဆိုလာတဲ့ ပန်းရောင်ခြယ်

ပရိသတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ကြီး ဂရေဟမ်ရဲ့မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဂရေဟမ်သာမက လက်ရှိမှာလည်း သမီးလေးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ နှစ်ယောက်ကလည်း ကိုယ်ပိုင်စွမ်းရည်တွေနဲ့အနုပညာလောကမှာနေရာတစ်ခုရရှိနေပြီး

တစ်မိသားစုလုံးက ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်နေတဲ့ မိသားစုလေးပါ။ဒီနေ့မှာကျရောက်တဲ့ ဂရေဟမ်ရဲ့မွေးနေ့လေးအတွက် သမီးဖြစ်သူ ပန်းရောင်ခြယ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Happy Birthday Daddy စူပါဒူပါ Love You ” ဆိုပြီး ဖခင်နဲကအတူတွဲရိုက်ထားတဲ့ ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားအောက်မှာ သူတို့ချစ်ခင်ရတဲ့ ဂရေဟမ်အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ CeleZone ပရိသတ်င်္ကြးရေ ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ ပရိသတ်အချစ်တော် အဆိုတော် ဂရေဟမ်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Pan Yaung Chel