ကိုဗစ်ကာလမှာ ကျန်းမာရေးစေတနာ့ဝန်ထမ်းလုပ်နေတဲ့တူလေးအတွက် မျက်ရည်အဝဲသားနဲ့ ဆုတောင်းစကားဆိုခဲ့တဲ့ မိတ်ကပ်ညီညီမောင်

တိုင်းပြည်အတွက်အနစ်နာခံပြီး ကပ်ရောဂါကြီးကိုတိုက်ထုတ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေဟာ လေးစားစရာအရမ်းကောင်းပါ တယ်။ ကိုယ်တိုင်မလုပ်နိုင်ပေမယ့် ကျန်းမာရေးစေတနာ့ဝန်ထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့တူဖြစ်သူအတွက် ” တူလေး ဆီရေးတဲ့စာ အမေတို့ ညီအမနှစ်ယောက်က သားတယောက်စီမွေးတယ် တစ်ယောက်က ယောကျာ်း တယောက်က gay အကို ဝမ်းကွဲဆိုမေပဲ့ မောင်နှမအရင်းတွေလိုပါပဲ (အခုထိတော့ မတည့်ဘူး) မတည့်တာမမေးနဲ့ အဖြေတွေကရင်ထဲမှာ ”

” ယောင်းမ ဆရာမလုပ်ပြီးစာသင်တဲ့ငွေနဲ့ ကလေးနှစ်ယောက် သားကြီးက ရိုးရိုးအောင် ဆယ်တန်း, သမီးငယ်က (၄) ဘာသာ ဂုဏ်ထူးနဲ့ ဆယ်တန်းဒီနှစ်အောင် ကျေးဇူးအထူးတင်ပါ တယ် မရှိမဲ့ရှိမဲ့ အမျိုးလေးကို လူပီသအောင်ပျိုးထောင်ပေးလို့ ဒါက အကို သား ကျမတူ လူပီသတဲ့ ကလေး ကိုယ်ကျန်းမာစိတ်ချမ်းသာ ရောဂါဘယကင်းဝေးပြီး မိဘကျေးဇူးသိက္ခာ ပြန်လည်ပေးဆပ်နိုင်ပါစေ ကိုဗစ်ကြီးလဲ အမြန်အဆုံးသတ်ပါစေ ”

 

” သူအဘွားဒေါ်ဦး ,ကျမ အမေ မဌေး (အဖွားလေး) နဲ့ အဘိုးငွေ ရှိရင်ပြုံးပြုံးနဲနေမှာ ကလေးပြုတဲ့ လူမှူရေးလုပ်အားဒါန ကုသိုလ် အကုန်ရရှိကြပါစေနော် ကျမစာရေးရင်း ငိုချလိုက်တယ် ” ဆိုပြီး သုသုက ဂုဏ်ယူဝမ်းသာစကားလေးပြောခဲ့ပါတယ်။ လူပီသတဲ့လူလေး တစ်ယောက်ဖြစ်အောင် ပျိုးထောင်နိုင်တဲ့မိဘတွေရဲ့အရည်အချင်းပါပဲ။

Happy – Cele Zone
Photo – Nyi Nyi Maung