Taxi မောင်းနေရတဲ့အသက်ကြီးကြီးအဘကို စာနာစိတ်နဲ့ ငွေလေးသောင်းကန်တော့ခဲ့တဲ့ ဂျူနီယာချစ်ကောင်း

အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း မနားမရဘဲ ဘဝရဲ့ရိုက်ခတ်မှုဒဏ်တွေကြားမှာ အလူးအလဲခံနေရတဲ့သူတွေအများအပြားပါ။ ဒီနေ့မှာတော့ ဂျူနီယာချစ်ကောင်းက အသက်ကြီးပေမယ့် ညဖက်မှောင်မှောင်ထဲ Taxi မောင်းနေရတဲ့အဘကိုစာနာစိတ်နဲ့ ငွေလေးသောင်းကန်တော့ခဲ့ပါတယ်။

ဒီလိုကြည်နူးစရာအခိုက်အတန့်လေးကို ” ဟိုးတစ်နေ့က သူငယ်ချင်းတစ်ယောက်အိမ်မှာ ဆုံဖြစ်ကြတော့ ပစ္စည်းတစ်ခုလိုတာနဲ့ ကားလည်းမမောင်းချင်ကြတော့တာနဲ့ Taxi နဲ့သွားဝယ် မယ်ဆိုပြီးလုပ်ကြတာ Taxi မောင်းတဲ့အဘကြီး အသက်လည်းအရမ်းကြီး နေပြီ ည (၈) လောက် ရှိပြီ အဘအခြေအနေဘယ်လိုရှိလဲဆိုတော့ တစ်ကြောင်းမှမလိုက်ရသေးပါဘူး တူလေးရာတဲ့ ဆီဖိုးလေးရရင် ကျေနပ်ပါတယ်တဲ့ တုံတုံချိချိနဲ့မောင်းပြီး စိတ်ရှည်လက်ရှည်ပို့ရှာတယ် ”

” ဘယ်လောက်ကြလဲအဘဆိုတော့ ဆရာအဆင်ပြေသလိုသာပေးပါတဲ့ တော်တော်သနားသွားတယ် ပိုက်ဆံလေးလေးသောင်း ကန်တော့ခဲ့တယ် ချမ်းသာနေလို့မဟုတ်ပါဘူးဗျာ ကိုယ့်ရှိတဲ့ထဲလေးကဝေမျှတာပေါ့ မလုပ်ပါနဲ့ဆရာဆိုတာကြီးပဲ အတင်းပေးရတယ် ကျွန်တော့်ကိုလက်အုပ်လေးပြန်ချီပြရှာတယ် တော်တော်ကိုသနားသွားတယ် ခက်ခဲတဲ့ကာလကြီးမှာ လူသားတိုင်းအဆင်ပြေကြပါ စေ တက်နိုင်တဲ့ဘက်ကနေ ကိုယ်တက်နိုင်သလောက်လေး ဆက်လက်ဝေမျှသွားပါဦးမယ် အဘကြီးပုံတော့ မထည့်တော့ပါဘူး လေးစားသောအားဖြင့် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Junior Chit Kaung