မကြာခင်မှာ ဒုတိယမြောက် သီချင်းလေးထွက်ရှိလာတော့မယ့် တန်ခွန်ကျော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် တန်ခွန်ကျော်ကတော့ မကြာခင်အချိန်မှာ သူရဲ့ ဒုတိယမြောက်သီချင်းလေးထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ တန်ခွန်ကျော်က မြန်မာအိုင်ဒေါပြိုင်ပွဲမှာကတည်းက ကြိုးစားတဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို တော်တော်လေးရရှိခဲ့တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားနေခဲ့ပြီး သူ့ရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းလေးထွက်ရှိလာခဲ့စဉ်ကလည်း မထင်မှတ်ထားလောက်အောင်ကိုအောင်မြင်မှုရရှိခဲ့ပါတယ်။ အခုဒုတိယမြောက်သီချင်းလေးကိုလည်း တန်ခွန်ကျော်က သူ့ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးတော့မှာပါတဲ့။

သူရဲ့ YouTube Channel လေးကနေတစ်ဆင့် ဒုတိယမြောက်သီချင်းလေးကို တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်လည်း သူ့ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးထားကြပါဦးတဲ့။ CeleZone ပရိသတ်ကြီးတွေထဲက တန်ခွန်ကျော်ရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို CeleZone ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleZone
Source – TAN KHUN KYAW