အားကိုးရတဲ့သမီးလေးကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့မိခင်အတွက် တစ်သက်လုံး ” ထီး ” အဖြစ်ရှိနေပေးပါ့မယ်ဆိုတဲ့ စိုးပြည့်သဇင်

သားဆိုရင် ” အား ” သမီးဆိုရင် ” ထီး ” စတဲ့စကားလုံးလေးတွေနဲ့ မိဘအပေါ်မှာ ကောင်းကျိုးပြုတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ကို တင်စားခေါ်ဝေါ်တတ်ကြပါတယ်။ စိုးပြည့်ရဲ့မိခင်ဟာလည်း လိမ္မာရေးခြားရှိတဲ့သမီးလေးအတွက် ဂုဏ်ယူမဆုံးဖြစ်ပြီး သမီးလေးရဲ့ငယ်ဘဝပုံနဲ့ အခုလက်ရှိပုံလေးတွေကိုပေါင်းစပ်ပြီး ” ငယ်ငယ်ကသမီး ကြီးတော့ထီး ” ဆိုပြီး ချစ်စနိုးလေးနဲ့ တင်ထားတာပဲဖြစ်ပါတယ်။

 

စိုးပြည့်ကလည်း မိခင်ကဒီလိုလေးရေးတင်တာမြင်တော့ ” မေမေ ဒီလိုရေးထားတာလေးမြင်တော့ ကြည်နူးလိုက်တာ ထီးလို့အသိအမှတ်ပြုခံရလို့ ထီးအဖြစ် အမြဲရှိမှာပါ ဖေဖေနဲ့မေမေ ” ဆိုပြီး သူမရဲ့ခံစားချက်လေးကို ဖွင့်ဟခဲ့ပါတယ်။ သမီးလိမ္မာလေးကို ပိုင်ဆိုင်ရတဲ့မိဘတွေအတွက်တော့ တကယ့်ကိုစိတ်ချမ်းမြေ့စရာပါပဲ။

 

လက်ရှိအချိန်ထိ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေပိုင်ဆိုင်ထားဆဲဖြစ်ပြီး အေးချမ်းတဲ့အပြုံးချိုချိုလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေရသူလေးပါ။ မိဘအပေါ်မှာလည်းသိတတ်သလို မိဘစကားကို လည်း နားထောင်လွန်းတဲ့သမီးလေးကြောင့် မိဘတွေလည်းစိတ်ချမ်းသာနေရပါတယ်။

Happy – Cele Zone
Photo – Mar Lar