စီးပွားရေးလုပ်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ်တစ်ခုလွဲချော်လွန်းတဲ့ သူမရဲ့ဘဝအကြောင်း ပြောပြလာတဲ့ ပိုးအိအိခန့်

အလုပ်လုပ်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ်တစ်ခုလွဲနေတဲ့ သူမရဲ့ဘဝအကြောင်းကို ” တွေးမိပြီး ကိုယ့်ဘာကိုယ် ရယ်မိလို့ ဟာသအနေနဲ့ ပြောပြရဦးမယ် ကျွန်မဘဝကို ကံကြမ္မာကြီးက ဘာအလုပ်မှ မလုပ်ဘဲ အေးအေးလူလူထိုင်နေပါလို့များ သတ်မှတ် ထားလေ သလားမှတ်ရတယ် ပထမဦးဆုံး အနေနဲ့ပြောရရင် အလှပြင်တာ မကြိုက် ခေတ်ပေါ်အဝတ် အစားဝတ်တာမကြိုက် ကျောင်းစာ ပညာရေးသာ ဖိလုပ်စေချင်တဲ့ မိဘအောက်ကဆင်းသက် လာတဲ့ ကျွန်မကအနုပညာကို အရမ်းဝါသနာပါ ရူးသွပ်လွန်းလို့ မိဘကိုယ်တိုင်လိုက်ရော ပြီး ထုတ်လုပ်ရေးတိုက်ထောင်ပြီး သမီးလေးကို ဗီဒီယိုကားတွေ ထုတ်ရိုက်ပေးလိုက်တာ ကိုယ်လည်း လမ်းစပေါ်လေးရောက်မယ်ကြံရော ဗီဒီယိုဈေးကွက်ကြီး ပျက်ပါလေရော (တစ်ခါနော်) ”

” ဟုတ်ပြီ ထားတော့ အိမ်ထောင်ကျပြီး အဖေက အလုပ်မလုပ်ဘဲ ထိုင်နေတာမကြိုက်တော့ Traval & Tours Company ထောင်ထားတာကို သမီးဆက်လုပ်လိုက်ဆိုပြီး လွှဲပေးလိုက်တဲ့အခါမှ ဒီကကျွန်မကလည်း အပီအပြင်လုပ်ပြီဟေ့ဆိုပြီး ခရီးစဉ်တွေ သေချာစဉ်းစား ပထမဦးဆုံး လုပ်မယ့် ကိုယ့်ခရီးစဉ်ကို လင်မယားနှစ်ယောက် ဓါတ်ပုံဆရာငှါးပြီး သွားရိုက်မယ် blog ပါ ရိုက်ပြီး တင်မယ်ဆိုပြီး Company page ကို ကိုယ့်အကောင့်မှာ share လိုက်ပြီး သိပ်မကြာပါဘူး ငဗစ်က ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ စီးပွါးရေးပါ ထိုးဆင်း ဒုက္ခတွေ ရောက်ကုန်ကြရော (တစ်ခါ) မှတ်ထားနော် (၂) ခါရှိပြီ ”

” ကဲ ခု တစ်ခါ ပထမ ကိုဗစ်ဖြစ်တော့အိမ်မှာထိုင်နေရတာ အင်မတန်ပျင်းစရာကောင်းလွန်းလို့ အလုပ်တစ်ခုမဟုတ် တစ်ခုတော့ အားမနေရအောင်လုပ်မယ်ဟာဆိုပြီး Live sale စလုပ်လိုက် တာ အံမယ် live sale လွှင့်တာ လက်တစ်ဖက်ရေစာတောင် မရှိဘူး ခု ကိုကို Zuckerberg က live sale တွေရဲ့ viewer တွေကို ဘာလုပ်ချလိုက်ပြန်ပလဲ မသိပါဘူးကွယ် viewers တွေ ထိုးကျသွား လိုက်တာ အံ့တောင်ဩယူရတယ် ကြားတာတော့ အရင်လိုရောင်းချင်တိုင်းရောင်းမရတော့ဘူး ဆိုလား ( တစ်ခါ) ကဲ (၃) ခါဆိုတော့ ဒါတိုက်ဆိုင်မှုမဟုတ်တော့ဘူး နောက်ဆုံးမှာ ဒို့စဉ်းစား လိုက်မိတယ် ဒို့ကိုကံကြမ္မာကြီးက အသာလေးထိုင်နေပါဟယ် ညီးဘာအလုပ်မှမလုပ်ပါနဲ့လို့ များ ကျိန်စာတိုက်ထားလေသလားကွယ် ကျွန်မရဲ့လက်တွေ့ပုံပြင်လေးကတော့ ဒါပါပဲရှင်
ပုံပြင်က အရမ်းဟက်ထိတယ်ကွာ မျက်ရည်တစ်စက်ကျသွားတယ် ” ဆိုပြီး ပိုးအိက ခပ်နောက်နောက်လေး ပြောပြလာခဲ့ပါတယ်။

Happy – Cele Zone
Photo – Poe Ei Ei Khant