ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးကို ဆင်တူဝတ်ဆင်ကာ Sister Goals အမိုက်စားလေးဖန်တီးလိုက်တဲ့ ဝါဆိုမိုးဦးတို့ညီအစ်မ

ကလေးသရုပ်ဆောင်ဘဝတည်းက အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပပြီး သွယ်လျလှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးတွေပါကြွေရတဲ့မင်းသမီးချောလေးပါ ။ 


ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် သူ့ရဲ့ဇာတ်ကားတိုင်းဟာပရိသတ်အားပေးမှုကိုအပြည့်အဝရထားတာဖြစ်ပါတယ်။ အခုမှာတော့သရုပ်ဆောင်ပိုင်းတွေလျော့နည်းသွားပေမယ့် အနုပညာအလုပ်တွေကိုတော့ အနည်းငယ်လုပ်ကိုင်နေတာဖြစ်ပြီး ကြော်ငြာလေးတွေကိုတော့ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။


သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဆိုသလိုပရိသတ်တွေနဲ့ အဆင်အသွယ်မပြတ်ရအောင်ဖော်ပြလေ့ရှိရာ အခုလည်း ချစ်ရတဲ့ ညီအစ်မတွေနဲ့ အတူ ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးကို ဆင်တူဝတ်ဆင်ကာ Sister Goals အမိုက်စားလေးဖန်တီးဖြစ်ခဲ့တဲ့ ပုံလေးတွေကိုဖော်ပြထားရာ ပုံလေးတိုင်းမှာအကုန်လုံးမိမိုက်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။


Yuan – Cele Zone

photo – Warso Moe Oo