အပြင်သွားတိုင်းသမီးအတွက်သာမက သဇင်ထူးမြင့်အတွက်ပါ မုန့်လေးတွေထည့်ပေးတတ်တဲ့ ယွန်းယွန်းရဲ့မိခင်

ငယ်ဘဝကကျောင်းသွားရင် ကိုယ့်အတွက်သာမက ကိုယ့်သူငယ်ချင်းတွေအတွက်ပါ မုန့်ထည့်ပေးတတ်တဲ့ မေမေတို့ရဲ့ချစ်စရာ အပြုအမူလေးတွေကို တော်တော်များများ ကြုံဖူးကြမှာပါ။ ဒီနေ့မှာလည်း ယွန်းယွန်းရဲ့အမေက သမီးလေးကို ကလေးလေး တစ်ယောက်လိုပဲ သဘောထားပြီး အပြင်သွားတိုင်းမုန့်ထည့်ပေးတတ်တဲ့အကြောင်းနဲ့ သူငယ်ချင်းတွေအတွက်ပါ အပိုထည့်ပေးတဲ့ အကြောင်း သဲကပြောပြလာခဲ့ပါတယ်။

ယွန်းနဲ့ သဇင်ထူးမြင့်တို့သူငယ်ချင်းနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ပြီး အပြန်အလှန်ဂရုစိုက်မှုတွေနဲ့ တကယ်ကိုနွေးထွေးကြသူတွေပါ။ ကိုယ့်သားသမီးရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဆိုရင် မိဘတွေရဲ့စိတ်ထဲမှာလည်း နွေးထွေးပြီး ကိုယ့်ကလေးတွေလိုပဲ သဘောထားတတ်ကြတာ သဘာဝပါပဲ။ ယွန်းနဲ့ သဲက BFF တွေမို့ ယွန်းမေမေအတွက်တော့ သဲက သမီးလေးတစ်ယောက်လိုပါပဲ။

ဒီလိုကြည်နူးစရာအကြောင်းလေးကို ” ယွန်းမေမေထည့်ပေးတာ အမြဲအပြင်သွားတိုင်း မုန့်ထည့်ပေးတယ် ထည့်ပေးတိုင်းယွန်းတစ်ခု သူငယ်ချင်းတစ်ခု ခံစားချက်က မူကြိုကလေးလေးတွေကျောင်းလာရင် သူငယ်ချင်းဖို့ အိမ်ကမုန့်တစ်ခုပိုထည့်ပေးလိုက်သလိုပဲ How Cute ” ဆိုပြီး သူမရဲ့ Facebook My Day မှာ မုန့်ပုံလေးတွေနဲ့ သဲက ဝေမျှခဲ့ပါတယ်။ ချစ်စရာအပြုအမူလေးတွေဟာ ပြုသူရော ပြုခံရသူအတွက်ပါ စိတ်နှလုံးအေးချမ်းစေပါတယ်။

Happy – Cele Zone
Photo – Thazin Htoo Myint / Yoon Yoon