ပကာသနတွေအများကြီးမရှိပေမယ့် အေးချမ်းပျော်ရွှင်တဲ့မိသားစုဘဝလေးမှာ စိတ်ချမ်းသာရတယ်ဆိုတဲ့ အိတုန်

ဘဝမှာအရေးကြီးဆုံးက ငွေကြေးချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ပါပဲ။ ငွေပုံပေါ်မှာထိုင်ပြီး စိတ်ဆင်းရဲနေရတဲ့ဘဝထက် ထမင်းကြမ်းခဲလေးစားပြီး စိတ်ချမ်းသာရတဲ့ဘဝကိုပဲ ပိုပြီးလိုချင်ကြပါတယ်။ ဘဝလက်တွဲဖော်ကောင်းတစ်ယောက်ဟာလည်း ကိုယ့်ဘဝကို စိတ်ချမ်းသာမှုတွေအများကြီးပေးစွမ်းနိုင်ပါတယ်။ အိတုန်ကတော့ ဒီလိုအဖော်မွန်ကောင်းကို ရှာတွေ့ပြီးလက်တွဲနိုင်ခဲ့ တာမို့ လက်ရှိအချိန်မှာ အရမ်းကိုပျော်ရွှင်နေရပါတယ်။

ချစ်စရာသမီးလေးကိုပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်း ဒုတိယရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပါသေးတယ်။ မကြာခင်မှာ လည်း ရင်သွေးလေးဟာ သူမတို့မိသားစုအတွက် အင်အားတိုးရဲဘော်လေးအဖြစ်ရောက်ရှိလာတော့မှာပါ။ အလုပ်ကြိုးစားခင်ပွန်း ဖြစ်သူကိုပိုင်ဆိုင်ထားရပေမယ့် အိတုန်ကလည်း တစ်ဖက်တစ်လမ်းက အွန်လိုင်းရှော့လေးလုပ်ပြီး ဝင်ငွေရှာခဲ့ပါသေးတယ်။

အိမ်ထောင်ကိုအကောင်းမွန်ဆုံးဦးဆောင်နိုင်တဲ့ခင်ပွန်းအပြင် စီးတဲ့ရေ ဆယ်တဲ့ကန်သင်း ကောင်းကောင်းမွန်မွန်စုဆောင်းတတ်တာ ကြောင့်လည်း လက်ရှိအချိန်မှာ ပြေလည်တဲ့ အနေအထားတစ်ခုမှာရပ်တည်နေတာပဲဖြစ်ပါတယ်။ ချစ်ခင်ပွန်းနဲ့လမ်းလျှောက်ထွက် နေတဲ့ ပုံလေးတွေကိုလည်း ” ချစ်ချစ်နဲ့ခြံထဲလမ်းလျှောက်ရင်းဆယ်ဖီ ဘဝမှာပိုက်ဆံချမ်းသာဖို့ထက် ကျန်းမာရေးကောင်းဖိုနဲ့ စိတ်ချမ်းသာဖို့ကအဓိက ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Ei Tone