ကူညီမှုလိုအပ်တဲ့နေရာသုံးနေရာကို ငွေ (၁၀) သိန်းကျော်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ကျော်ကျော်တို့မိသားစု

အခုလိုအကျပ်အတည်းကာလတွေမှာ နေရာတိုင်းလိုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး လှူဒါန်းသူတွေလိုအပ်နေကြပါတယ်။ တတ်နိုင်သူတွေကလည်း ကိုယ်နိုင်သလောက်ဝန်နဲ့ လှူဒါန်းပေးကြတာမို့ အထိုက်အလျောက်တော့ အဆင်ပြေသွားတတ်ကြပါတယ်။ ဒီနေ့မှာလည်း ကျော်ကျော်တို့မိသားစုက သန်လျင် Covid 19 ကာကွယ်ရေးရုံး၊ မိဘမဲ့ကလေးဂေဟာနဲ့ စက်ပစ်ကွင်းဘုန်းဘုန်းကြီး ကို ကထိန်သဃ်န်းနှင့်ဝတ္တုငွေတွေလှူဒါန်းပေးခဲ့ပါတယ်။

 

မိသားစုရဲ့စုပေါင်းအလှူလေးမို့ တကယ့်ကိုအမှတ်တရပါပဲ။ နောက်ထပ်ဘဝတွေမှာလည်း ပြန်လည်ကြုံဆုံနိုင်ဖို့ ဒါနမျိုးစေ့တွေ ချလိုက်သလိုပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူ့ရဲ့တန်ဖိုးရှိတဲ့မိသားစုကို အလုပ်တွေကြားမှာမေ့ထားခဲ့မိတဲ့အကြောင်း ကျော်ကျော်က လူမှုကွန်ရက်မှာ ရင်ဖွင့်ပြောပြလာခဲ့ပါသေးတယ်။

 

ဒီနေ့မှာတော့ သူ့ရဲ့အဖိုးတန်မိသားစုနဲ့အတူ အလှူလုပ်တဲ့ပုံလေးတွေကို ” ဒီနေ့ကတော့ ကျနော်တို့မိသားစုရဲ့ အလှူအဖြစ် သန်လျှင် Covid 19 ကာကွယ်ရေးရုံးမှာ ငွေကျပ် (၈) သိန်း မိဘမဲ့ကလေးများဂေဟာမှာ ငွေကျပ် (၂) သိန်း စက်ပစ်ကွင်းဘုန်းဘုန်းကြီးကို
ကထိန်သင်္ဃန်းနှင့် ဝတ္တုငွေ ငါးသောင်း သွားရောက် လှူဒါန်းခဲ့ပါတယ် ခင်ဗျာ သန်လျှင်မှာ လှူဒါန်းချင်သူ အလှူရှင်များအနေနဲ့လည်း လှူဒါန်းငွေအပြင် ရေသန့်ဗူး ဆေး ကုတင် အောက်ဆီဂျင်စက် စသည်များလဲ Calories စားသောက်ဆိုင်မှာဖွင့်ထားတဲ့ ကိုဗစ်ကာကွယ်ရေး ရုံးမှာ လာရောက်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။

Happy – Cele Zone
Photo – Kyaw Naing Oo