“ကျော်သူ့ကို စားချင်ရင် လာကြ”ဆိုပြီး အသက်(၆၀)ပြည့်မွေးနေ့ကို ဖိတ်လိုက်တဲ့ မင်းသားကြီးကျော်သူ

Posted on

ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ကျော်သူဟာဆိုရင် တချိန်က ပျိုမေတွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသားချောတစ်လက်ပါ။ နောက်ပိုင်းမှာ ပရိသတ်တွေသိကြတဲ့ အတိုင်း ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ပြုလုပ်ပြီး ဘဝရဲ့ အေးချမ်းတည်ငြိမ်မှု အစစ်အမှန်ကို ရှာဖွေနေတဲ့ မင်းသားကြီး ကျော်သူကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်လောကထဲကို ပြန်မဝင်လာတော့ဖူးလို့ ထင်ခဲ့ပေမယ့် ပရိသတ်တွေ အံ့သြရ‌အောင် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီ ပရိသတ်တွေ မြင်တွေ့ချင်နေတဲ့ မင်းသားကြီးအဖြစ် ပြန်လည်တွေ့မြင်ရမှာပါ။

ခုဆိုရင် ပရဟိတလုပ်ငန်းတွေကိုလည်း ဆက်တိုက်လုပ်ရင်း တစ်ဖက်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးနေတဲ့ မင်းသားကြီး ကျော်သူကိုမြင်တွေ့ရမှာပါ။ ရုပ်ရှင်နဲ့ ပတ်သတ်ရင်စည်းစနစ်ကျပြီး အရမ်းကို စည်းကမ်းရှိတဲ့ မင်းသားကြီးကျော်သူအကြောင်း ကိုတော့ ပရိသတ်တွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ စိတ်မနောဖြူတဲ့ မင်းသားကြီးမို့ ပရိသတ်တွေက ယခုချိန်ထိ လေးစားအားပေးနေရသူတစ်ဦးပါ။

အခုဆိုရင် မင်းသားကြီးကျော်သူက အသက်(၆၀)ပြည့်ဖို့ မနက်ဖြန်တစ်ရက်ပဲ လိုပါတော့တယ်။ ” မနက်ဖန် ၂-၁၁-၂၀၁၉ ရက်နေ့ ကျွန်တော် အသက်(၆၀)ပြည့်မွေးနေ့။ မနက်ဖက်(၁၀:၀၀)နာရီမှာ မြီးရှည်।နန်းကြီး နာကူအသင်းမှာကြွေးရန်စီစဉ်ထားပါတယ်”ဆိုတဲ့ အကြောင်းနဲ့ ခန့်ညားထည်ဝါလှတဲ့ ပုံကြီးနဲ့ ကိတ်မုန့်ကြီးကိုလည်း “ကျော်သူ့ကို စားချင်ရင် လာခဲ့ကြပါ”ဆိုပြီး ကိတ်မုန့်ကြီးစားချင်တဲ့ သူတွေကို ဖိတ်ထားပါသေးတယ်နော်။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း မင်းသားကြီးကျော်သူကို အသက်ရာကျော်ရှည်စေဖို့ ဆုတောင်းတွေ ပေးလိုက်ကြပါအုံးနော်။

Source:Kyaw Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



