စိတ်ဆိုးတုန်းကွာရှင်းဖို့ပြောပြီးမှ ချစ်ဇနီးကိုအမျိုးမျိုးစိတ်ပြေအောင်ပြန်ချော့နေတဲ့ နေဝင်းရဲ့ ဗီဒီယို

လင်နဲ့မယားလျှာနဲ့သွားဆိုသလို ဇနီးမောင်နှံတွေကြားမှာ ကတောက်ကဆလေးတွေတော့ ရှိတတ်ကြပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချော တို့နှစ်ယောက်သားဟာ ချစ်သက်တမ်း (၁၁) နှစ် ကျော်ကြာတွဲလက်တွေခိုင်မြဲလာခဲ့ပြီး လက်ရှိအချိန်မှာတော့ အိမ်ထောင်ရှင်ဘဝမှာ နှစ်ယောက်လုံးအေးချမ်းပျော်ရွှင်နေကြပါတယ်။

ချောတစ်ယောက် စကားများတဲ့အချိန်မှာ မိန်းကလေးတို့ရဲ့ထုံစံအတိုင်း နေဝင်းကို ကွာဖို့အဆင်သင့်ဖြစ်နေပြီလို့စကားနာထိုးတဲ့ အချိန်မှာ နေဝင်းက သူလည်းအဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း အရွဲ့တိုက်ကာပြန်ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ သူဒီလို မပြောခဲ့ပါဘူး ဆိုပြီး အဆင့်သင့်ဖြစ်နေတယ်ဆိုတာလည်း ချစ်ဇနီးလေးသွားချင်တဲ့နေရာ သွားရင်ကားမောင်း ပို့ဖို့အဆင်သင့် ဖြစ်နေပြီဆိုပြီး ခပ်ပြောင်ပြောင်ငြင်းခဲ့ပါတယ်။

တကယ်ချစ်ကြတဲ့အမျိုးသားတွေဟာ ကိုယ့်အမျိုးသမီးလေးကို ဘယ်လိုအကြောင်းပြချက်နဲ့မှ အဝေးကိုတွန်းမပို့ရက်ကြပါဘူး။ ဒီလိုခပ်နောက်နောက်လေးပြန်ပြောလိုက်တဲ့အချိန်မှာတော့ ချောကလည်း စိတ်မဆိုးနိုင်တော့ဘဲ ရယ်ရယ်မောမောနဲ့ နေဝင်းကိုပြန်လည်စနောက်ခဲ့ပါတယ်။ နှစ်ယောက်သားရဲ့ကြည်နူးစရာဗီဒီယိုလေးကိုကြည့်ရင်း ပရိသတ်တွေကအားကျကြောင်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။

Happy – Cele Zone
Photo – Eainy Chit Chaw